နာမည်ကျောျ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးမြတ်သူတစ်ယောက် ဒီလ 23 ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်အနားကို Main Sponsor ပေးမယ့် Enervon C ရဲ့ စာနယ်ဇင်းပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ရိုးရှင်းလှပလွန်းတဲ့ ပွဲတက် ဖက်ရှင်လေးက တကယ်ကို ကျက်သရေရှိရှိနဲ့ လှပလွန်းနေပါတယ်။ အညိုရောင် အင်္ကျ ီလေးကို ရိုးရိုးရင်ဖုံးလေးချုပ်ထားပြီး ချိတ်ထမီလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံစံလေးက အထူးတလည်ပြင်ဆင်စရာမလိုပဲ လှပလွန်းနေပါတယ်။

အောင်မြင်တဲ့ မင်းသမီးတစ်ဦးအဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်လာခဲ့တာ ဆယ်စုနှစ် တစ်စုစာလောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အောင်မြင်မှုတွေနဲ့ အတူ ပရိတ်သတ်တွေရဲ့ အချစ်တွေကိုလည်း သူမကသိမ်းပိုက်ထားနိုင်ဆဲပါပဲ။ ယခုနှစ် အကယ်ဒမီပေးပွဲမှာလည်း " ခေါက်ထီး ကလေး မလုံ့တလုံ " ဇာတ်ကားနဲ့ သူမအတွက် ပရိတ်သတ်တွေက အကယ်ဒမီခန့်မှန်းနေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက သူမရဲ့ သရုပ်ဆောင်ပုံတွေဟာ တကယ်ကိုပီပြင်လွန်းတာကြောင့် ကြည့်ရှုသူပရိတ်သတ်တွေမှာ လည်း မျက်ရည်မဆည်နိုင်ခဲ့တဲ့ ပညာပေးဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို " (၂၃-၃-၂၀၁၈)ရက်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို Main sponsor ပေးတဲ့ Enervon C ရဲ့ စာနယ်ဇင်းပွဲ နောက် နှစ်များမှာလည်း Enervon -C နဲ့အတူ ဒီထက်မက အောင်မြင်မှုများစွာတွေ သိမ်းပိုက်ပြီး ဒီလို စပွန်ဆာတွေ များများ ထပ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော် " ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် လှပလွန်းတဲ့ မမြတ်လေးရဲ့ မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Actress Aye Myat Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။