အဆိုတော် မေခလာတစ်ယောက် အလုပ်ကိစ္စနဲ့ ပြည်ပသို့ခရီးသွားရင်း ဆေးရုံတက်လိုက်ရတယ်လို့ သိရပါတယ်။ အလုပ်ကိုလောဘကြီးပြီး ကျန်းမာရေးကို မကြည့်ခဲ့တဲ့ သူမက အလုပ်ကိစ္စနဲ့ ခရီးသွားရင်း Check up လုပ်ကြည့်မှ ခွဲစိတ်ကုသရမဲ့ အရည်လုံးကို တွေ့ရတယ်လို့ ဆိုပါတယ်။

ခွဲစိတ်ရမယ့် အရည်လုံးဟာ ကြီးတဲ့အတွက်ကြောင့် ခွဲစိတ်ချိန် (၄)နာရီလောက် ခွဲစိတ််ခဲ့ရတယ်လို့ သူမက ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။ ခွဲစိတ်ခန်းဝင်တဲ့အချိန်မှာလည်း တရားစခန်းဝင်ကျင့်ကြံခဲ့တဲ့ ဝင်လေထွက်လေနဲ့အတူ ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိဘဲ ပျော်ရွှင်စွာနဲ့ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သလို ဆရာဝန်တွေထင်ထားတာထက် သူမက ပိုပြီး ကျန်းမာနေတာကြောင့် အားလုံးကလည်း အံ့သြခဲ့ကြတယ်လို့ သူရဲ့ ပရိသတ်တွေကို ပြန်ပြောပြထားပါတယ်။

အဆိုတော် မေခလာဟာ ခွဲစိတ်ပြီး နောက်နေ့ ရှော့ပင်းထွက်ပြီး မုန့်တွေလည်းအများကြီးစားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၂၀)ရက်နေ့မှာ မေခလာက မြန်မာနိုင်ငံကို ပြန်ရောက်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေ မစိုးရိမ်ကြဖို့ ကိုလည်း ပြောပြထားပါတယ်။

photo - မေခလာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။