Lady boy လေးတစ်ဦးဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ ယောကျာ်းသားတွေရဲ့ အသည်းနှလုံးကိုပုံရိပ်အသစ်လေးတွေနဲ့ဖမ်းစားလိုက်ပြန်ပါပြီ။"မနက်မိုးလင်းတိုင်း မောင့်ဘေးနားဒီလိုလေးတူတူရှိနေမယ်ဆိုရင်ကောမောင်စိတ်ဆိုးမှာလား" ဆိုတဲ့သူမရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးမကြွေသွားရဘူးနော်။

ပရိတ်သတ်တွေအခုမြင်တွေ့နေရတဲ့ပုံရိပ်လေးတွေကတော့ photographer ဝေမင်းသော်ရိုက်ကူးပေးထားတဲ့ သူမရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ မနက်သစ်တိုင်းမှာ သူမလိုချစ်စရာကောင်းတဲ့သူလေး တစ်ယောက်သာဘေးနားမှာရှိလို့ကတော့ နေ့ရက်တိုင်းဟာသာယာလှပနေမှာအမှန်ပါပဲ။အဝါရောင်ဖက်ရှင်လေးနဲ့ လူတိုင်းကြွေတဲ့သူမရဲ့ပုံရိပ်လေးတွေကတော့ တကယ်အသည်းယားစရာလေးတွေပါပဲ။

ဒီကနေ့မှာမနက်၁၀ နာရီမှာဆိုရင်လဲ သူမဟာ လှည်းတန်းစင်တာမှာပရိတ်သတ်တွေနဲ့တွေ့ဆုံဖို့ အစီအစဉ်လေးတစ်ခုပြုလုပ်ထားတာပဲဖြစ်ပါတယ်။မနက် တုန်းကရော အမဲရောင်ဝတ်စုံလေးနဲ့သူမကို လှည်းတန်းစင်တာမှာတွေ့မိလိုက်ကြသေးလားပရိတ်သတ်ကြီးရေ။ ပရိတ်သတ်တွေအတွက်လဲ သူမရဲပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

source:Photographer & Myo Ko Ko San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။