လက်ရှိရေပန်စားလူကြိုက်များတဲ့ သွားလာမှုတွေထဲမှာ မြန်မာပြည်အထက်ပိုင်း ပုဂံဒေသတစ်ခုလည်း ပါဝင်ကြောင်း သိရပါတယ်။ လက်ရှိ ပုဂံဒေသကတော့ ကမ္ဘာ့အမွေအနှစ်စရင်းဝင်တစ်ခုအဖြင့် မကြာမီတွေ့ရှိရမှာပဲဖြစ်ပါတယ်။ ယင်းပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဂံဒေသ တွင် Bagan, A Different World ဓာတ်ပုံ ပြပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ဓာတ်ပုံ ပြပွဲကို မတ် ၂၃ ရက်မှ မတ် ၂၅ ရက်အထိ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်တွင် ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ထို့အပြင် မတ် ၂၆ ရက်မှ ၂၇ ရက်တွင်လည်း ညောင်ဦးမြို့ အာနန္ဒာဘုရား ပရဝဏ်အတွင်းတွင်လည်း ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။  

၎င်း ဓာတ်ပုံပြပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားမှု၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းမှ ဓာတ်ပုံပညာရှင်များ၏ သမိုင်းဝင်ဓာတ်ပုံ အနုပညာလက်ရာမြောက်စွာ ရိုက်ကူးထားသည့် ဓာတ်ပုံပေါင်း များစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မကြာမီ ကမ္ဘာ့အမွေနှစ်တစ်ခုဖြစ်လာတော့မည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုဆိုဂုဏ်ပြုပွဲ အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။