ကျန်းမာရေးကောင်းဖို့အတွက် လိုအပ်တာကတော့ အစားအသောက်၊ အနေအထိုင် သင့်တော် မှန်ကန်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် ကြုံတွေ့ပြီး သတိမထားမိတဲ့အပြင် အများဆုံး ဒုက္ခ ပေးနိုင်တဲ့ ကျန်းမာရေး အချက်က အစားအသောက်ပဲ ဖြစ်ပါတယ်။ ဒီလို စားသုံးကြတဲ့အခါ ဘယ်လို အစားအစာပဲဖြစ်ဖြစ် အများစုက အရောင်လေးတွေ စိုနေမှ၊ အရောင်လှနေမှ စားသုံးချင်စိတ် ဖြစ်ကြပါတယ်။ ဓာတုဆေးတွေ ပါဝင်တဲ့ သဘာဝမကျတဲ့ ဆိုးဆေးတွေကို အသုံးပြုထားတယ် ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။

သဘာဝဆိုးဆေးဆိုရင် သစ်သီးဝလံ တွေက ရတဲ့ အရောင်၊ အနှစ်တွေသာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အများစုက ဒီလို အသုံးမပြုဖြစ် သလောက်ပဲ ဖြစ်ပါတယ်။

ဓာတု ဆိုးဆေး၊ သဘာ၀ မဟုတ်တဲ့ ဆိုးဆေးတွေကို ဘာကြောင့် အသုံးများရလဲ ဆိုရင်

ဒီလိုဆိုးဆေးတွေက

အရောင်ကို ပိုမို စိုပြေစေတယ်

ပုပ်သိုးမှုကို လျှော့သွားစေတယ်

ကြာကြာ အထားခံတယ်

အမြင် ပိုလှတယ်

ဒီလို ဓာတု ဆိုးဆေးတွေကိုတော့ ဘယ်သူ မဆို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက်ရော၊ ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေ များစွာ ရှိပါတယ်။ အထူးသဖြင့် - အသက်အရွယ် ငယ်လွန်း၊ ကြီးလွန်းတဲ့ အရွယ် တွေမှာ ခုခံအား လျော့နည်းတာမို့ ထိခိုက်မှု ပိုများပါတယ်။

ဒါ့ကြောင့် သစ်သီးဝလံ၊ သားငါးတွေကို စားသုံးတဲ့အခါ လတ်လတ်ဆတ်ဆတ် ဖြစ်တာကို စားသုံးဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ နေရာကနေ ဝယ်ယူစားသုံးဖို့ လိုအပ်ပါတယ်။ အရောင်တောက် လှပလွန်းတာကို မမက်မောဘဲ သန့်ရှင်းလတ်ဆတ်တာကို စားသုံးဖို့ အကြံပေးချင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီးနောက် အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ မင်းထင်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။