စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာတွင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အဖြစ်စံချိန်ဝင်မယ့် စည်တော်ကြီးတစ်ခု ထွင်းထုနေတယ်လို့ သတင်းရရှိပါတယ်။အဆိုပါ စည်တော်ကြီးက တော့ အလျား ၁ဝ ပေ ၈ လက်မ၊ ထိပ်ဝအကျယ် ၅ ပေ ၄ လက်မရှိ စည်တော်ကြီးဖြစ်ပြီး ဆရာပွဲမြန်မာ့ တူရိ ယာ အမျိုးမျိုးရောင်းဝယ်ရေးမှ ဦးကျော်ညွန့် ကထွင်းထုနေတာပဲ ဖြစ်ပါတယ်။၎င်းစည်တော်ကြီးကိုတော် မတ် ၁၅ ရက်က စတင်ထွင်းထုနေတာဖြစ်ပြီး သစ်လုံးအခေါင်းထွင်းခြင်းနှင့် လုံးပတ်ပြုလုပ်ခြင်းစတဲ့ အကြမ်းထည် လုပ်ငန်း ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။ 

အဆိုပါစည်တော်ကြီးကိုတော့ အင်းတော်မြို့ရှိ သုသာန်ဟောင်းတစ်ခုကိုဖျက်ကာ ကားကြီးကွင်း ပြုလုပ်ရန် ရှင်းလင်းရာမှ ခုတ်လှဲထားခဲ့တဲ့ ကုက္ကိုပင်အရင်းပိုင်းကို တောင်းယူ၍ ထွင်းထုနေခြင်းဖြစ်တယ်လို့ ဦးကျော်ညွန့် ကပြောပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေနဲ့ မြန်မာ့တူရိယာလက်မှုပညာကို လေ့လာသိရှိ နိုင်စေဖို့ ထုလုပ်ခဲ့တာဖြစ်ပြီးစည်တော်ကြီး ထုလုပ်ပြီးစီးပါက ပြည်တွင်းပြည်ပ လာရောက်လည်ပတ်မှုများတဲ့ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ဘုရားကျောင်းတွေကို လှူဒါန်းမှာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ကျွန်တော့် တစ်သက်မှာ ဒီလိုစည်မျိုး လုပ်လည်း မလုပ်ဖူးဘူး၊ လုပ်လည်း လုပ်နိုင်ဖို့ မလွယ် ဘူး၊ တကယ့် တကယ် အခွင့်အရေးကြုံ တုန်းမှာ သမိုင်းတစ်ခုကျန်ခဲ့အောင်ဆိုပြီး မိဘကိုရည်စူး ပြုလုပ်လှူဒါန်းမယ်လို့ ရည်မှန်းထားတာပါ''လို့ ဆက်လက်ပြောကြားပါတယ်။ 

စည်တော်ကြီးဟာ အလျား ၁ဝ ပေ ၈ လက်မ၊ ထိပ်ဝတစ်ဖက် (စည်မျက်နှာ ပြင်) အကျယ် ၅ ပေ ၄ လက်မရှိမှာဖြစ်ပြီး စည်တော်ကြီး ထိပ်နှစ်ဖက် (စည်မျက် နှာ) အဝကို နွားသားရေဖြင့်ကျပ်၍ ထိပ်ဝနှစ်ဖက် စလုံးကို ထိပ်ဝမှ သုံးပေစီအကွာထိ စည်မျက်နှာပြင်နှင့် တစ်ဆက်တည်း သားရေဖုံးအုပ်မှာ ဖြစ်တယ်လို့ ဦးကျော်ညွန့်ကရှင်းပြပါတယ်။ထိပ်ဝနှစ်ဖက် သားရေဖုံးအုပ်ပြီး ကျန်တဲ့အလယ်နေရာ သစ်သားစည် နေရာမှာ မြတ်စွာဘုရားရဲ့ ၁ဝ၈ ကွက် ဗုဒ္ဓခြေတော်စက်လက္ခဏာကို နတ်သား လေးပါးက ပူဇော်နေတဲ့ပုံ ထွင်းထုမှာ ဖြစ်လို့ ဒီစည်တော်ထုလုပ်မှုကို ခြောက်လ လောက် အချိန်ယူပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စည်တော်ကြီးရဲ့ စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၅ဝ မှ သိန်း ၁ဝဝ အကြားအထိကုန်ကျနိုင်တယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။