ထိုင်ဝမ်နှင့် အမေရိကန်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် ဥပဒေကို တရုတ်မှာ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြီးခဲသော သောကြာနေ့ညက ထိုင်ဝမ်ခရီးသွားလာမှုအက်ဥပဒေ၌ လက်မှတ်ရေးထိုး၍ အတည်ပြုပေးခဲ့ပါတယ်။

ထိုဥပဒေဟာ အမေရိကန်အစိုးရနဲ့ ထိုင်ဝမ်းအစိုးရတို့ အကန့်အသတ်မရှိသွားလာနိုင်ပြီး ဆက်ဆံရေးပိုမိုကောင်မွန်စေမည်ဖြစ်ကာ ယင်းအက်ဥပဒေကို အထက်လွတ်တော်နှင့် အောက်လွတ်တော် နှစ်ရပ်လုံးက ထောက်ခံခဲ့ကြပါတယ်။

သို့သော်လည်း တရုတ်တို့ဘက်မှ ထိုဥပဒေအသစ်ကို ဆန့်ကျင်ခဲ့ပါတယ်။။ ထိုဥပဒေသည် အမေရိကန်တို့ဘက်မှ ထိုင်ဝမ်အစိုးရအရာရှိများနှင့် တိုက်ရိုက်အဆက်အသွယ်ထားရှိခြင်းမပြုရဆိုသော ကတိပေးထားသည့်အချက် ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း တရုတ်တို့ဘက်မှ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်အစိုးရသည် လွန်ခဲ့သော ၁၉၇၉ ခုနှစ်မှစတင်၍ တိုင်ပေအစိုးရနှင့် သံတမန်အသိအမှတ်ပြုဆက်ဆံ ရေးကို ပြောင်းလဲခဲ့ပြီး ပေကျင်းအစိုးရနှင့်သာ တိုက်ရိုက်ဆက်ဆံခဲ့ပါတယ်။ 

စနေနေ့တွင်ထုတ်လွှင့်ခဲ့သောဗီဒီယိုထဲ၌ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wu Qian က ယင်းအက်ဥပဒေသည် One China ပေါ်လစီကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်တို့သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်နှောင့်ယှက်ခြင်းဖြစ်သည်ဟု လည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

source - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။