လူငယ် အများစုက ညဘက်ရောက်မှ ညစာကို စားသုံးလေ့ ရှိကြပါတယ်။ ရုံးချိန် နောက်ကျတာပဲဖြစ်ဖြစ်၊ တခြား အလုပ်တွေ လုပ်နေလို့ပဲဖြစ်ဖြစ် သေချာတာကတော့ ညစာကို စောစော စားသုံးဖို့ ခဲယဉ်းလှပါတယ်။ ဒီလို နောက်ကျမှ ညစာ စားတဲ့အခါ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်နိုင်လဲ ??? တကယ်လို့ မဖြစ်မနေ စားသုံးရမယ် ဆိုရင်လည်း ဘယ်လို စားသုံးသင့်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။  

ညဘက်မှ ညစာ စားသုံးတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့

- အစာအိမ်က အက်ဆစ်ရည် အထက်ကို ဆန်တက်တာမျိုး ဖြစ်တတ်ပါတယ်။ နားလည်အောင် ပြောရရင် လေချဉ် တက်တာပဲ ဖြစ်ပါတယ်။

- အစာမကြေတာမျိုး ဖြစ်တယ်

- ရင့်ပြည့် ရင်ကယ် ဖြစ်တယ်

- လည်ချောင်း တစ်ခုခု စို့နေသလို ခံစားရပြီး ရှင်းရတာမျိုးတွေ ဖြစ်တယ်

ဒါ့အပြင် အလှအပနဲ့ ပတ်သက်ရင် ဗိုက်ပူတာကို အလွယ်တကူ ဖြစ်စေပြီး ခန္ဓာကိုယ် အလေးချိန်တိုးဖို့ မြန်ဆန်စေပါတယ်။ အချိန်တိုအတွင်းမှာ ဝလာ၊ ဗိုက်ပူလာ စေပါတယ်။

ညစာ စားသုံးဖို့ အသင့်တော်ဆုံးက ညနေ ၇ နာရီက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် နေမဝင်ခင် ညစာ စားသုံးသင့်တယ်လို့တောင် ဆိုကြပါတယ်။ တကယ်လို့ မလွဲမရှောင်သာ ညဘက်ရောက်မှ ညစာ စားသုံးရမယ်ဆိုရင် အသင့်စား အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အပူ၊ အစပ်တွေနဲ့ ကယ်လိုရီ များတဲ့ အစားအသောက်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ နွားနို့ ၊ ဒိန်ချဉ် ၊ ငှက်ပျောသီး၊ ထောပတ်သီး အစရှိတဲ့ လတ်ဆတ်သော သစ်သီးများကိုသာ စားသုံးသင့်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် ညစာကို စောစော စားသုံးကြဖို့ အကြံပြု တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။