ချစ်သူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ အများစုကတော့ သူ့ကို ကိုယ်ပိုင်တယ်၊ ကိုယ့်ကို သူပိုင်တယ် တို့ သတ်မှတ် တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူက ကိုယ် မပါရင် မသွားရဘူး။ ကိုယ်ကလည်း အပြင်သွားမယ်ဆို သူ့ကို အရင် ခွင့်တောင်းပြီး သူသဘောတူမှ သွားဖြစ်တယ် ဘာညာ စသည်ဖြင့် ချုပ်ချယ် လာတတ်ကြပါတယ်။ ဒီလို လုပ်ခြင်းက ကောင်းကျိုး ရှိရဲ့လား ဆိုတာကိုတော့ ပြန်စဉ်းစားကြည့်မိတဲ့သူက အရမ်းကို နည်းပါလိမ့်မယ်။ ဒါ့ကြောင့် အခု ဖော်ပြမယ့် အကြောင်းအရာကတော့ RS တွေတိုင်း သိသင့်တဲ့ အရေးကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ 

သဝန်တိုမှု

သဝန်တိုတာ ကောင်းတယ်လို့ ထင်လား??? တကယ်တော့ သဝန်တိုတယ် ဆိုတာက သူ့ကိုလည်း မယုံသလို ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှု မရှိရာ ရောက်ပါတယ်။ သူ့ကို အပြည့်အ၀ ယုံကြည်တယ်ဆိုရင် သေချာတာက သူ့ကို သဝန်တိုမှာ မဟုတ်တော့ပါဘူး။ နောက်တစ်ချက်က သူ့မိသားစု ပြီးရင် သူ့အပေါ် ကောင်းတဲ့၊ ချစ်တဲ့သူ ဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတယ် သူ ဆိုတာကို ယုံကြည်ထားရင် သဝန်တိုမှု ဆိုတာ မရှိသလောက် ဖြစ်သွားမှာပါ။ ကိုယ့်ကို ထားခဲ့လည်း၊ သူဖောက်ပြန်လည်း သူပဲ တစ်ချိန် နောင်တရမယ် ဆိုတာကို ကိုယ်က ယုံကြည်ထားရင် သူက ကိုယ့်ကို မပစ်ရက်လောက်အောင် ချစ်နေမှာပါ။

နားလည်မှု

RS တွေမှာ slient ပဲ တွဲတွဲ၊ ပေါ်တင်ပဲ တွဲတွဲ၊ မပေါ်တင်ပဲ တွဲတွဲ .. ဘယ်လိုပဲ တွဲတွဲ အဓိက က နားလည်မှု ရှိဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ သူကို့ ချစ်လို့ နားလည်မှု အပြည့်ပေးတယ်။ အဲ့လိုပါပဲ သူကလည်း ကိုယ့်ကို နားလည်တယ်ဆိုရင် ကိစ္စ တော်တော်များများက ဖြေရှင်းပြီးသား ဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူက ကိုယ့် နောက်ကွယ်မှာ စိတ်ကစားမိလို့ ဖောက်ပြန်ခဲ့တယ် ဆိုရင်တောင် နားလည်မှု ရှိရင် ညှိယူလို့ ရပါတယ်။ နားလည်မှုက ပြသနာ ကြီးကြီးမားမားကိုလည်း မဖြစ်စေနိုင်သလို လမ်းခွဲဖို့ အဆင့်ထိလည်း ရောက်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် RS တွေတိုင်း နားလည်မှု ရှိပြီး သဝန်တိုမှု များ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ကိုယ်ချစ်ခင်ရသူ ပေါင်းဖက်နိုင်ကြပါစေရှင်။

Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။