ပရိသတ်အချစ်တော် မော်ဒယ်မင်းသားချော ညိမ်းသော်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ လက်ရှိအနုပညာလောကမှာ နာမည်တစ်ခုကို ရယူထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ညိမ်းသော်ရဲ့ လူမှုစာမျက်နှာပေါ်တွင် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပုံနှင့်ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။ 

ညိမ်းသော်ရဲ့ စာသားလေးကတော့ " ပထမ ဆုံး စရိုက်ခဲ့တဲ့ photo shoot လေး အခုဆိုရင်အနုပညာ စလုပ်တာ လေးနှစ် ပြည့်ပြီ " ဟူ၍ တင်ထားတာပဲဖြစ်ပါတယ်။ အဆိုပါစာသားနှင့်အတူ စတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကိုပါ ပြသထားတာတွေ့ရပါတယ်။ ညိမ်းသော်ကတော့ လက်ရှိအနုပညာလောကမှာ အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲတစ်ယောက်လည်းဖြစ်ပါတယ်။ 

ညိမ်းသော်ချစ်ပရိသတ်ကြီးတွေအတွက် ဒီကနေ့ မှာ အနုပညာသတ်တမ်း ၄ နှစ်ပြည့်ပြီး ဖြစ်တဲ့ ညိမ်းသော်ရဲ့ အမှတ်တရလေးတစ်ခုပဲဖြစ်ပါတယ်။ ချစ်ပရိသတ်များအတွက် အရင်က ညိမ်းသော်ရဲ့ ဓာတ်ပုံလေးတွေနဲ့ အတူ မျှဝေပေးလိုက်ပါတယ်။

Source - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။