အဆိုရှင်နှစ်ဦးရဲ အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့သတင်းတွေ ထွက်လာပြီးနောက် နှစ်ဦးသားရဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှ့လာခဲ့ပါတယ်။ ဒယနဲ့ ပတ်သတ်ပြီး ၀ိုင်းစုခိုင်သိန်းကို မီဒီယာတစ်ခုကနေ အင်တာဗျူးခဲ့ရာမှာတော့ ယခုလို ပွင့်ပွင့်လင်းလင်းဖြေကြားပေးခဲ့ပါတယ်။

" အဲဒါကတော့ ထွေထွေထူး ထူးပြောစရာမရှိပါဘူး။ ထွေထွေ ထူးထူးပြောစရာမရှိဘူးဆိုတာက အဓိကက ဝိုင်းစုရဲ့ ပါစင်နယ်ဆိုတော့ ဝိုင်းစုရဲ့ပရိသတ်တွေကိုလည်း ဝိုင်းစုရဲ့ပါစင်နယ်ထက်ဝိုင်းစုရဲ့ သီချင်းတွေကိုပဲ ခံစားစေချင်တယ်။ လူတိုင်းလူတိုင်းမှာ ပါစင်နယ်ရှိတယ်။ ဘယ်ဟာကဘာကြောင့်ဆိုပြီး ဘယ်သူမှ ကိုယ့်ပါစင်နယ်ကို ဖြေရှင်းကြတာမရှိဘူးပေါ့။ အဲဒီတော့ ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်ထားခြင်းမရှိဘူး။ လောလောဆယ် ဝိုင်းစု အနုပညာအလုပ်ကို အကောင်းဆုံး ကြိုးစားပြီး လုပ်နေတယ်။ ပြီးတော့ဝိုင်းစု ဒီဟာတွေအတွက် သတ်သတ်မဖြေရှင်းချင်ပါဘူး။ " 

နောက်အိမ်ထောင်ပြုဖို့အစီအစဉ်ရှိလားဆိုတဲ့အပေါ် ၀ိုင်းစုမှ

" အဲဒါကတော့ လူက ဒီနေ့ပြီးနောက်နေ့ ဘာဖြစ်မှန်းတောင်မသိ ဘူး။ အိမ်ထောင်ပြုဖြစ်မယ်၊ မပြု ဖြစ်ဘူးကတော့ ဝိုင်းစုကိုယ်တိုင်လည်း ကျိန်းသေမသိဘူး။ လောလောဆယ်တော့ မပြောတတ်သေးပါဘူး။ အိမ်ထောင်ပြုဖြစ်မယ်၊ မပြုဖြစ်ဘူး၊ ဘာလုပ်ဖြစ်မလဲဆို  တာကတော့ ကျိန်းသေတဲ့အချိန်မှ  ပရိသတ်ကို ပြောပြချင်ပါတယ်။ "

နောက်ဆုံးအနေနဲ့ သူမကို ဆက်လက်အားပေးနေတဲ့ ပရိသတ်တွေကို ယခုလိုပြောကြားခဲ့ပါတယ်။

" ဝိုင်းစုဘယ်လိုပဲဖြစ်ဖြစ် အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်တယ်။ ဝိုင်းစုဘက်မှာ ရပ်တည်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ဘာပဲဖြစ် ဖြစ် ဒီပရိသတ်တွေရှိလို့ ကြိုးစားရကျိုးနပ်တယ်။ ဝိုင်းစု ဘာတွေပဲဖြစ်နေနေ ဝိုင်းစုအိမ်ထောင်ကွဲ လည်း ပရိသတ်တွေ အားပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားပေးတယ်။ သူတို့အားပေးလို့လည်း ဒီလိုမျိုးရပ်တည်လို့ရနေတာ။ အဲဒီရပ်တည်မှုအတွက် သူတို့ကို အရမ်းAppreciate လုပ်တယ်။ "

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။