မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြုလုပ်ထားတဲ့ သုတေသနကတော့ ဖုန်းနှစ်လုံးကို ဖွင့်ထားပြီး အလယ်မှာ ကြက်ဥထားကာ စကားပြောနေသလို အသုံးပြုခြင်းက ၂၅ မိနစ်ခန့် ကြာလာတဲ့အခါ အလယ်က ကြက်ဥက ကျက်သွားတာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း မိုဘိုင်းဖုန်းကို အနားကပ်ပြောခြင်းက ဦးနှောက်ကို ထိခိုက်စေတယ်လို့ လူအချို့ ယုံကြည်ခဲ့ကြပါတယ်။ 

၁၅ နှစ်ကာလ သုတေသန ပြုလုပ်ချက်အရ အသံထွက်တဲ့ လှိုင်းတွေက လူသားတွေကို ကင်ဆာဖြစ်နိုင်ခြေ ရှိတဲ့ အုပ်စု (၂ -ခ)မှာ ပါဝင်ပါတယ်။ သို့သော် ဖြစ်နိုင်ခြေ ရှိတယ်လို့ သတ်မှတ်ထားပေမယ့် ဒီလို အသံလှိုင်းနှုန်းကြောင့် ကင်ဆာဖြစ်နေသူကိုတော့ အခု လက်ရှိအချိန်ထိ မတွေ့ရှိရသေးဘူးပဲ ဖြစ်ပါတယ်။ သို့သော် ဖြစ်နိုင်ခြေ ရှိတာမို့ ဂရုစိုက်သင့်ပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကြေငြာပြီးသွား ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း အသုံးများတဲ့အခါ ခန္ဓာကိုယ် အပူချိန် အနည်းငယ် တက်စေခြင်းက စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် နှလုံးမှာ စက်ထည့်ထားတဲ့ သူတွေ အနေနဲ့ မိုဘိုင်း ဖုန်းကို ဘယ်ဘက်နဲ့ မပြောသင့်ပါဘူး။ အကျီ ၤ အိပ်ကပ်ထဲလည်း မထည့်သင့်သလို နှင့် နှလုံးနဲ့ နီးတဲ့ နေရာတွေမှာ ဖုန်းကို မပြောသင့်ပါဘူး။ မထားသင့်ပါဘူး။

ဒါ့အပြင် ဖော်ပြပါ နေရာတွေမှာ ဖုန်း အသုံးပြုခြင်းကို ရပ်နားသင့်ပါတယ်။ (သို့မဟုတ်) ဖုန်းမသုံးဘဲနေခြင်း၊ flight mode လုပ်ခြင်းထက် စက် ပိတ်ထားတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

- ဆေးရုံက ခွဲခန်းတွေမှာ

- ဓါတ်မှန် ခန်း (X-Ray, Ultrasound ခန်း)

- လေယာဉ်ပေါ်မှာ

- ဓါတ်ဆီဆိုင်မှာ …. စတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောင်းဘီ၊ အင်္ကျီ အိပ်ကပ်တွေမှာလည်း မိုဘိုင်းဖုန်းကို ထည့်မထားသင့်ပါဘူး။

ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ တခြားသော အန္တရာယ်ကတော့ မိုဘိုင်းဖုန်းသုံးလို့ ဖြစ်သွားတဲ့ accident က အရင်ကထက် ၄ဆ တက်လာတာကိုတော့ သိရပါတယ်။ မိုဘိုင်းဖုန်းကနေ အာရုံကို ပျံ့နှံ့သွားစေပြီး မတော်တဆ ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် မိုဘိုင်းဖုန်းကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲ ဆိုရင်တော့

- မိုဘိုင်းအစား ကြိုးဖုန်းကို အသုံးပြုခြင်း

- ဆက်သွယ်ရေး ကိရိယာ တစ်ခု အဖြစ်သာ အသုံးချခြင်း

- တန်ဖိုးရှိသော၊ အကျိုးရှိသော စာအုပ် အဖြစ် အသုံးချခြင်း မျိုးပဲ ပြုလုပ်သင့်ပါတယ်။

အချို့နိုင်ငံတွေမှာဆိုရင် မိုဘိုင်းဖုန်း ဥပဒေ ရှိနေပြီပဲ ဖြစ်ပါတယ်။ ကိုယ်ကတော့ သတိမထားမိလိုက်ပေမယ့် မိုဘိုင်းဖုန်း အသုံးပြုခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။

အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာမြင့်ဦး (GP from YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။