Samsung ကုမ္ပဏီကတော့ ၂၀၁၈ခုနှစ်အတွင်းမှာ အိန္ဒိယနိုင်ငံအတွက် အထူးတီထွင်ထားတဲ့ စမတ်ဖုန်းတွေကို ရောင်းချပေးတော့မှာပဲ ဖြစ်ပါတယ်။ Samsung ဟာ အိန္ဒိယနိုင်ငံရဲ့ တန်ဖိုးနည်းစမတ်ဖုန်းဈေးကွက်ကို အရင်ကတည်းက အခိုင်အမာရ၇ှိထားတာလည်း ဖြစ်ပါတယ်။  

သို့သော်လည်း Samsung ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေဟာ Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းထက် ဈေးနှုန်းပိုမို များပေါတယ်။ ဒါတွေကြောင့်လည်း Xiaomi ဟာ Samsung ထက် တန်ဖိုးနည်းစမတ်ဖုန်း ရောင်းအားမှာ သာလွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနယ်ပယ်မှ သတင်းများအရဆမ်ဆောင်းဟာလာမယ့်လများ အတွင်းမှာအိန္ဒိယအတွက် အထူးဖန်တီးထားတဲ့ ဖုန်းများရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ 

အဲဒီစမတ်ဖုန်းများကိုအွန်လိုင်းရောမြေပြင် အရောင်းဆိုင်များကနေပါ ရောင်းချမှာ ဖြစ်ပါတယ်။ Warsi က မကြာခင် ကရောင်းချပေးခဲ့တဲ့ Galaxy S9 / S9+ စမတ်ဖုန်းများဟာအိန္ဒိယရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဈေးကွက်မှာOnePlusရဲ့ စမတ်ဖုန်းများကို ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းပြောပါတယ်။ ဆမ်ဆောင်းဟာအိန္ဒိယမှာ Galaxy S9/S9+ စမတ်ဖုန်းများရောင်းအားကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။