ကမ္ဘာပေါ်မှာ အရှားပါးဆုံးမျိုးစိတ်ဖြစ်တဲ့ အဖြူရောင် ကြံ့ထီးကြီးဟာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ကင်ညာနိုင်ငံ တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကြံ့ဖြူ အထီးကြီးနဲ့ မျိုးစိတ်တူတဲ့ မြောက်ပိုင်း ကြံ့ဖြူ အမနှစ်ကောင်တည်းသာ ကမ္ဘာပေါ်မှာ လက်ရှိ ကျန်ရှိနေတော့ကြောင်း သိရပါတယ်။ 

ကင်ညာနိုင်ငံOI Pejeta တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ရာမှာတော့ အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ ဆူဒန်အမည်ရ အဆိုပါ မြောက်ပိုင်း ကြံ့ဖြူထီးကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်က အသက်အရွယ်ကြီးရင့်လာမှုနဲ့ ဆိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးသွားခဲ့တာဖြစ်ကြောင်း၊ ယင်းဟာ မသေခင် ကာလတွေမှာ ကျန်းမာရေးအခြေအနေ တစ်နေ့ထက်တစ်ခြား ပိုဆိုးလာခဲ့ကြောင်း၊ မတ်တပ်တောင် မရပ်နိုင်တော့လောက်အောင် ဆိုးရွားခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

ယခု သေဆုံးသွားခဲ့တဲ့ ကြံ့ဖြူထီးကြီး ဆူဒန်ဟာ လက်ရှိ အသက်ရှင် ကျန်ရှိနေတဲ့ ကြံ့ဖြူမကြီး နှစ်ကောင်ရဲ့ အကူအညီနဲ့ ယခုအချိန်မှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မြောက်ပိုင်း ကြံ့ရှားပါးမျိုးစိတ်ကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ပေးခဲ့ကြောင်း သိရပါတယ်။

source - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။