လူ အများစုက စိတ်ညစ်တဲ့ အခါ သီချင်းကို နားထောင်လေ့ ရှိပါတယ်။ ဝမ်းနည်း ကြေကွဲတဲ့ အခါမှာလည်း သီချင်းကို နားထောင်ကြပြန်တယ်။ တခြား အချိန်တွေမှာလည်း သီချင်း နားထောင်လေ့ ရှိပါတယ်။ သီချင်းနားထောင်တာ များတဲ့အခါ၊ သီချင်းကို အကျယ်ကြီး နားထောင်တဲ့အခါ အချိန်ကြာလာရင် နားကို ထိခိုက်မှု ဖြစ်စေပါတယ်။ ဒါ့ကြောင့် အခု တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ နားကို ထိခိုက်မှု မရှိစေဘဲ သီချင်း နားထောင်နိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။ 

(၁) နားဆို့ ဂွမ်းကို အသုံးပြုပါ။

အသံကျယ်လွန်းသော နေရာ၊ ဆူညံလွန်းသော နေရာများတွင် နေထိုင်ရပါက (သို့မဟုတ်) အလုပ်လုပ်ရပါက နားဆို့ဂွမ်းကို အသုံးပြုပါ။ ထိုဂွမ်းကို တစ်ခါတည်းသုံးပါ။ ကြိမ်ဖန်များစွာ အသုံးမပြုသင့်ပါ။ ဆူညံလွန်းသော အသံတွေကြောင့် သင့်နားစည်ကို လွယ်ကူစွာထိခိုက် ပျက်စီးစေနိုင်ပါတယ်။ Live Show သွားကြည့်ခြင်း၊ Music Show သွားသော အခါမျိုးတွင်လည်း နားဆို့ ဂွမ်းကို သုံးရန် သင့်တော်ပါတယ်။

(၂) သီချင်းနားထောင်တဲ့အခါ အသံတိုး၍ နားထောင်ပါ။

အရမ်းကျယ်လွန်းသော သီချင်းမျိုးကို နားထောင်တဲ့အခါ သက်တောင့်သက်သာ မဖြစ်သလို ပြင်ပက အသံများကိုလည်း ကြားနိုင်တော့မည် မဟုတ်ပါ။ နားကြပ်တပ်ထားသော်လည်း ဘေးလူမှ ဘယ်သီချင်းနားထောင်နေလဲ ဆိုတာကို သိရလောက်သည်အထိ အသံကျယ်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ speaker တွင် ၆၀% နှုန်းသော ပမာဏ အသံဖြင့် နားထောင်ခြင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။ 

(၃) နားကြပ် အသုံးပြုပါ

မိမိစိတ်ကြိုက် သီချင်းများကို နားဆင်လိုသောအခါ နားကြပ်အသုံးပြုခြင်းသည် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်ခြင်းမှ ကင်းဝေစေနိုင်ပါတယ်။ ပြင်ပမှ အသံများကို နားဆင်လိုသော အခါ သင့်ရဲ့ နားကြပ်အသံကို နှိမ့်ပြီးတော့လည်း နားဆင်နိုင်ပါတယ်။ နားကြပ်အသုံးပြုခြင်းသည်လည်း နာရီအတော်ကြာ အသုံးပြုခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နားကိုလည်း အနားပေးသင့်ပါတယ်။

(၄) တိုးလွန်းသော အသံဖြင့် နားထောင်ခြင်းကိုလည်း ရှောင်ပါ။

အရမ်းတိုးလွန်းသော အသံမျိုးသည်လည်း နားထောင်ဖို့အတွက် အားစိုက်ရလွန်းတာကြောင့် သင့်နား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

(၅) ကားစီးနေစဉ်၊ ကားမောင်းနေစဉ်အတွင်း သီချင်းကျယ်လောင်စွာ နားထောင်ခြင်းကို ရှောင်ပါ။

ဒါက အရမ်းအန္တရာယ်များတဲ့ အချက်တစ်ခုပါပဲ။ ကားစီးနေစဉ်ဖြစ်စေ၊ ကားမောင်နေစဉ်အတွင်းဖြစ်စေ အသံကျယ်လောင်စွာ သီချင်းနားထောင်ခြင်းမျိုးသည့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို မမြင်နိုင်သည့်အပြင်၊ ပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်မှုအားနည်းစေပါတယ်။

ဒါတွေကို သိထားခြင်းဖြင့် သင့်အန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပြီး နားနှင့် ပတ်သက်သော ကျန်းမာရေးကိုလည်း ဂရုစိုက်နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။