ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ ဖွေးဖွေးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ဖွေးစိန် လို့ချစ်စနိုးခေါ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဖွေးဖွေးဟာ သရုပ်ဆောင်ပိုင်းမှာအရည်အချင်းရှိတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ ဇာတ်ကားတိုင်းဟာ အကယ်ဒမီစာရင်းဝင်တဲ့အထိ လူကြိုက်များလှပါတယ်။

လက်တလောမှာတော့ ရွှေကြာနဲ့ ပရိသတ်တွေပြောစမှတ်တွင်နေတဲ့ ဖွေးဖွေးတစ်ယောက် ကြာပန်းလေးတွေကိုင်ပြီး ပဲပေးထားတဲ့ သူမရဲ့ ဓာတ်ပုံလေးတွေကို အင်စတာဂရမ်အကောင့်မှာ တင်ထားပါတယ်။

သူမဟာ ခရမ်းရောင်ဝတ်စုံလေးကို လှပစွာဝတ်ဆင်ထားပြီး ကြာပန်းပွင့်ကြီးနဲ့အပြိုင် ချစ်စရာကောင်းနေတာဖြစ်ပါတယ်။

ဖွေးဖွေးဟာ အခုနောက်ပိုင်း ဖက်ရှင်တွေပိုပြီးဆန်းသစ်လာသလို တစ်နေ့တစ်ခြားပိုလှလာတဲ့ သူမရဲ့ ချစ်စဖွယ်မျက်နှာအမူရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝနိုင်သူလေးဖြစ်ပါတယ်။    

ယခုနှစ်အကယ်ဒမီပေးပွဲမှာတော့ ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာ အကယ်ဒမီဇကာတင်စာရင်းမှာချိတ်နေတာမို့ ရွှေစင်ရုပ်ထုပိုင်ရှင်လေးဖြစ်မလားဆိုတာ ပရိသတ်တွေမျှော်လင့်နေကြပါတယ်။ 

Source : Phway Phway Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။