Sexy တွေကိုယ်ဟန်ပြတွေ ဘယ်လောက်ပဲပေါများနေပါစေ သူမကတော့ မြင်တွေ့လိုက် တိုင်းမှာ အမြင်အေးစေတဲ့ မြန်မာဝတ်စုံ အေးချမ်းတဲ့အလှတရားနဲ့သာ ဆွဲဆောင်နိုင် သူတစ်ယောက်ပါ ။

သရုပ်ခါးလေးလိမ်းကာ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိကာလှလွန်းနေတဲ့သူမကို နယူးဇီလန်က ဓာတ်ပုံဆရာများက မှတ်တမ်းတင်သွားခဲ့တာမို့ သူမကတော့ ဒီလိုဝတ်စားပြီး မြန်မာမိန်းခလေးဖြစ်ခွင့်ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်လို့ ဆိုပါတယ်။

မြတ်သူသူဇင်ဆိုတဲ့ သူမကို ပရိသတ်ကြီးက “ ရတနာထဲက ရတနာ” ဆိုတဲ့ဇာတ်လမ်း တွဲလေး ထဲက အချစ်ကြီးတဲ့နဂါးမလေးအဖြစ် မှတ်မိနေအုံးမယ် ထင်ပါတယ် ။

သူမကတော့ ဒီဇာတ်လမ်းတွဲမှာ သူမရဲ့ဇာတ်ရုပ်နေရာကို ပရိသတ်ပါဝင်ခံစားနိုင်တဲ့အထိကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံကပရိသတ်ရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာတစ်ခုကို ရရှိခဲ့ပါတယ် ။

နောက်ထပ်ဇာတ်လမ်းတွဲလေးတစ်ခုအတွက်လည်း သူမကဖိုက်တင်အခန်းတွေကို အပြင်းအထန်လေ့ကျင့်နေတာကြောင့် တခြားသော ဇာတ်လမ်းတွဲတွေနဲ့ ကွဲပြားအောင် ပရိသတ်ကို ဘယ်လိုဆွဲဆောင်နိုင်အုံးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ။

ဒါကြောင့် မြန်မာအလှ မြန်မာဟန် များကိုမြတ်နိုးတဲ့ပရိသတ်ကြီးအတွက် သူမလေးရဲ့ အလှပုံရိပ်ကလေးများကို စုစည်းပေးလိုက်ပါတယ်နော် ။

Source – Myat Thu Thu Zin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။