မကွေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်း(၉)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ ပိုင်ရှင် ဦးမိုးကျော်(၄၅)နှစ်၏ ရတနာစိုးပွဲရုံတွင် ယနေ့နံနက်(၂း၂၀)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ရတနာစိုးပွဲရုံအတွင်းတွင် မန်နေဂျာ ဦးရန်နိုင်စိုး အသက်(၃၅)နှစ်သည် လျှပ်စစ်မီးဖိုဖြင့် ၀က်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ ဆီအပူလွန်ကဲရာ အနီးရှိ စားဆီပုံးများသို့ ကူးစက်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းမီးလောင်ရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဝင်းစိန် ဦးဆောင်ပြီး မီးငြိမ်း သတ်ယာဉ် (၁၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ဆည်မြောင်း ရေသယ်ယာဉ် (၁)စီး၊ ပုဂလိကရေသယ်ယာဉ်(၁)စီးပေါင်း(၁၉)စီး သွားရောက်ငြိမ်းသတ်ရာ နံနက်(၃း၃၀)အချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲဲ့ပါသည်။

မီးလောင်မှုကြောင့် (၄၀×၆၀)ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦ(၁)လုံး၊ (၅၀×၆၀)ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦး(၁)လုံး၊ (၁၅×၃၀)ပေသွပ်မိုး၊ မြေစိုက်(အကာမပါ) ဂိုထောင်(၁)လုံး၊ ပေါင်း(၃) လုံး မီးလောင်ကျွမ်းခံရပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ညီညီမောင်(မကွေး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။