နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ သန္ဒာဗိုလ်တစ်ယောက် သူမရဲ့ချစ်သူ သရုပ်ဆောင် ကောင်းပြည့်ရိုက်ပေးထားတဲ့ အမိုက်စားပုံရိပ်တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါ တယ်။ အောင်မြင်တဲ့ မော်ဒယ် တစ်ဦးဖြစ်ပြီး ပရိတ်သတ် တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိ နေသူတစ်ဦး လည်းဖြစိပါတယ်။ အကယ်ဒမီသရုပ်ဆောင် ချောရတနာရဲ့ ညီမရင်းလည်း ဖြစ် ပါတယ်။ သူမတို့နှစ်ဦးရဲ့ ချစ်သက်တမ်းဟာဆို ရင် လက်ရှိမှာ ခြောက်နှစ်ကျော်တိုင်ခဲ့ ပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ အဆင်ပြေတဲ့ အချစ်ရေးလေးကို ပရိတ်သတ်တွေက လည်း အားကျနေကြပါတယ်။

အလန်းစားပုံရိပ်တွေနဲ့ ပရိတ်သတ်တွေကို အမြဲလိုလိုဖမ်းစားနိုင်နိုင်ခဲ့သူတစ်ယောက်ပါပဲ။ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံလေးနဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုအလန်းစားပါပဲ။ သူမရဲ့ အကြည့်စူးစူးတွေက ပရိတ်သတ်တွေရဲ့ရင်ကို ထုတ်ချင်းပေါက်သွားနိုင်လောက်အောင်ကို စူးရှလွန်းပါ တယ်။ တကယ်ကို ဆွဲဆောင်မှုအပြည့်နဲ့ လှလွန်းနေတဲ့သူမရဲ့ပုံရိပ်တွေက ဘယ်လိုအနေ အထား အဝတ်အစားပဲဖြစ်ဖြစ် အမြဲတမ်းရိုးမသွားပဲ လှမြဲလှဆဲပါပဲ။

သူမရဲ့အမိုက်စားပုံရိပ်တွေနဲ့အတူ " တစ်ခုတော့ဖြေပါ " ဆိုပြီး တင်ထားတာဖြစ်ပါ တယ်။ အမိုက်စားအကြည့် အကြွေစင်အပြုံး ဆွဲဆောင်မှုပြည့် တဲ့ ပုံစံလေးတွေနဲ့ သူမရဲ့ ပုံရိပ် တွေက မြင်သူတိုင်း ကြွေဆင်းချင်စရာကောင်းလှပါတယ်။ သန္ဒာဗိုလ်ရဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။