အမရာဖုန်းဆိုတဲ့ တေးသံရှင်မလေးကတော့ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ အနုပညာရှင်မလေးတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်။ Frenzo production ကနေ စင်တင်ပေးခဲ့တဲ့ သူမကတော့ အသံအေးအေးလေးနဲ့ သီချင်းလေးတွေထဲမှာ စီးမျောသွားအောင် သီဆိုနိုင်သူတစ်ဦးလဲဖြစ်ပါတယ်။

သူမကတော့ တော့တေးသီချင်းလေးတွေသီဆိုရာမှာ ကျွမ်းကျင်ရုံသာမကဘဲ ဂီတတူရိယာတွေဖြစ်တဲ့ ဂစ်တာတို့ drum တို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တီတတ်တဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ တေးသံရှင် ဘန်နီဖြိုးရဲ့ lucky ဆိုတဲ့အယ်ဘန်လေးထဲမှာပါဝင်တဲ့ လေထဲကအိမ် ဆိုတဲ့တေးသီချင်းလေးကတော့ သူမကို အမရာဖုန်းဆိုပြီး ပရိတ်သတ်တွေစသိခဲ့ကြတဲ့သီချင်းလေးပဲဖြစ်ပါတယ်။

လတ်တလောအချိန်လေးမှာဆိုရင်လည်း သူမဟာ တစ်ကိုယ်တော်တေးအယ်ဘန်းလေးအတွက် သီချင်းတွေဖန်တီးနေပြီး ထိုတေးအယ်ဘန်လေးကတော့ ဇွန်၊ဇူလိုင် လောက်ဆိုရင်ပရိတ်သတ်တွေရဲ့ရှေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ရုပ်ကလေးကလဲချော အသံလေးကကောင်းတဲ့သူမကတော့ ခန္ဓာကိုယ်လေးကလဲ သွယ်လျှလှပလှတဲ့အတွက် ပုရိသတွေတော့ ကြိတ် crush ကုန်ကြတော့မှာပဲနော်။ 

source - Amera Hpone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။