ကျော်ထက်အောင်ဆိုရင်တော့ ပါးချိုင့်နှစ်ဖက်ပေါ်အောင် အမြဲတမ်းပြုံးနေတက်ပြီး လူသိများတဲ့ Presenter တစ်ယောက်ဆိုတာ Myanmar Idol ဆိုတဲ့အစီအစဉ်ကြီးကို ကြည့်ဖူးတဲ့သူတိုင်း သိမယ်ထင်ပါတယ်နော် ။

သူက ကြွေလောက်တဲ့အပြုံးလေးတွေ ခြွေချတက်သလို အပြောချိုချိုကလေးနဲ့လည်း ဆွဲဆောင်နိုင်သူတစ်ယောက်ပါ။

ဒီအစီအစဉ်ကလေးကနေ Presenter တစ်ယောက်အနေနဲ့ အစပြုခဲ့တဲ့သူဟာ အခုဆိုရင် တော့ မင်းသားချောတစ်ယောက်အဖြစ် သရုပ်ဆောင်လောကကို ဝင်ရောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အမြဲလိုလိုပရိသတ်နဲ့ အပေးအယူတည့်တည့်နေထိုင်တက်တဲ့သူက ဒီနေ့မှာလည်း ပရိသတ်ကိုအရွှန်းဖောက်ထားပါသေးတယ် ။

“ မေးလိုရာမေး” ဆိုတဲ့အစီအစဉ်လေးမှာ ပရိသတ်မေးမှာကို အကုန်ဖြေပေးမယ့် သူက အချစ်ရေးနဲ့ အသက်ကိုတော့ မမေးပါနဲ့လို့ စစနောက်နောက် ပြောထားတာတွေ့ရပါတယ် ။

သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် မကြာခင်မှာ Myanmar Idol အစီအစဉ်ကြီးနဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေပြီမို့ စောင့်ကြည်ရအောင်နော် ။

Source – Kyaw Htet Aung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။