Facebook ကို စတင်တည်ထောင်ခဲ့တဲ့ ဇူကာဘတ် ကို ဗြိတိသျှ ပါလီမန်က တရားရုံးမှာ သက်သေထွက်ဆိုဖို့ အတွက် တောင်းဆို လိုက်ပြီပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ၂၀၁၆ ခုနှစ်အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရဖို့ အတွက် UKအခြေစိုက် ကုမ္ပဏီတစ်ခုက Facebook ကို တရားမဝင်သုံးစွဲ ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။  

ထိုကုမ္ပဏီဟာ Facebook သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက် တွေကို တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ယူခဲ့တယ်လို့ သိရပါတယ်။ UK ပါလီမန်မီဒီယာကော်မတီရဲ့ဥက္ကဋ္ဌ Damian Collins ကတော့ Facebook တာဝန်ရှိသူတွေဟာ အချက်အလက်တွေကို ဘယ်လိုအသုံးပြုလဲဆိုတာ ရေရေရာရာ မဖြေခဲ့ကြဘူး လို့ ဆိုပါတယ်။  

Facebook သုံးစွဲသူ ၅၂သန်းရဲ့ အချက်အလက်ကို တရားမဝင် အသုံးပြုခဲ့တဲ့ ကုမ္ပဏီကတော့ အကောင့်ပိုင်ရှင်တွေရဲ့ အချက်အလက်တွေကိုယူပြီး စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနဲ့ မဲဆွယ်ခဲ့တာဖြစ်တယ်လို့ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ဖူးသူ ခရစ်စ်ဝိုင်လီဆိုသူက ပြောပါတယ်။ 

Source : RFA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။