မတ်လ(၂ဝ)ရက်နေ့၊ မနက်ပိုင်းအချိန်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် အရှည် ၁ဝ လက်မခန့်ရှိ ကျည်ဆန်ဟောင်းတစ်ခု တူးဖော်တွေ့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဖြစ်စဉ်မှာတော့ ဒူကထောင် ရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းမကြီးရှိ အထွေထွေရောဂါကု၊ ပြည်သူ့ဆေးရုံကြီးရှေ့တွင် ရေနုတ်မြောင်းတူးဖော် ရာမှ ၎င်းကျဉ်ဆံဟောင်း အားတွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။ ၎င်းကျဉ်ဆံဟောင်းတူးဖော်တွေ့ရှိမှု ဖြစ်စဉ်နဲ့ပတ် သတ်ပြီး မြစ်ကြီးနားမြို့မ ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

မြို့နယ်ရဲတပ်ဖွဲ့ရဲအရာရှိများနှင့် တာဝန်ရှိလူကြီးမင်းများမှ ၎င်းကျည်ဆန်ဟောင်းအား စစ်ဆေးခဲ့ရာမှာတော့ အရှည် ၁ဝ လက်မ အချင်းနှစ်လက်မခန့်ရှိတဲ့ နှစ်ချို့ ကျည်ဆန်ဟောင်း တစ်ခုဖြစ်ကြောင်း ရဲအရာရှိတစ်ဦး ကပြောပါတယ်။ အဆိုပါ ကျည်ဆံဟောင်းကိုတော့ လမ်းတံတားအထူး အဖွဲ့(၁)မှ မြေတူးဘက်ဟိုးယာဉ်မောင်း ဦးအောင်ကျော် မြင့် (၄၃) နှစ်မောင်း နှင်ပြီး ရေနုတ်မြောင်းတူးဖော်နေစဉ် တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

ထိုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး တူးဖော်တွေ့ရှိခဲ့တဲ့ ကျည်ဆံဟောင်းအား လမ်းတံတားအထူး အဖွဲ့(၁)အင်ဂျင်နီယာ ဦးထက်အောင်ထံ သတင်းပို့ဆက်သွယ်ကာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များသို့ စနစ်တကျ အပ်နှံပေးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြစ်ကြီးနားမြို့မ ရဲစခန်းမှ တာဝန်ရှိရဲအရာရှိများက လွဲပြောင်းလက်ခံယူထားပြီး စနစ်တကျ ထိန်းသိမ်းထားလျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - MOI Webportal Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။