ပရိသတ် အချစ်တော်မင်းသားချောနေတိုးကတော့ တာတေရုပ်ရှင်ဇာတ်ကားကြီးနဲ့ မှော်ဆန်တဲ့အနုပညာတွေ ကိုချပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ယခုနှစ်ရဲ့ အကယ်ဒမီဆုကြီးအတွက်လည်း လက်တလောပရိသတ်တွေကြားမှာ ထင်ကြေးအပေးခံရဆုံးနဲ့ ပရိသတ်စိတ်ဝင်စားနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။အငို၊အရယ်၊အပြုံး၊ဟာသ စတဲ့ မတူညီတဲ့ အနုပညာပြကွက်တွေအားလုံးကို တစ်ကိုယ်တည်း ပိုင်ပိုင်နိုင်နိုင်လုပ်ပြသွားနိုင်တဲ့ မြန်မာပြည် ထဲကထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်တလောမှာလည်း ဆက်တိုက်ဆိုသလိုရုပ်ရှင်ဇာတ်ကား အသစ်တွေရိုက်ကူးဖြစ်နေ တာကိုလည်းတွေ့ ရပါတယ်။နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ ရိုက်ကူးဖို့လက်ခံထားပြီး မကြာခင်မှာရုံတင်ပြသ တော့မယ့် “မွှေချက်ကတော့ လွန်လွန်းတယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေတိုး အမည်ရှိဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ရုပ်ရှင်ကြော်ငြာထွက်ခဲ့စဉ်ကတည်း တကယ့်ကို ရယ်စရာကောင်းတဲ့ ဟာသဇာတ်ကွက်လေးတွေကြောင့် ပရိသတ်တွေစောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း “သဲသဲလှုပ်”အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးနေတာ ပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအားပေးရတဲ့နပ်အောင် အရင်ကထက် အလုပ် တွေ ပိုကြိုးစားနေတဲ့ ပရိသတ် အချစ်တော်နေတိုးကို ပရိသတ်တွေကလည်း အရင်က ထက်ပိုပြီး အားပေးလိုက်ကြပါအုန်းနော်။ချစ်စရာကောင်း တဲ့နေတိုးရဲ့ ရိုက်ကွင်းပေါ် ကပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - နေတိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။