အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ သူမရဲ့အကအလှကို ထုတ်ပြကာ ပရိတ်သတ်တွေရဲ့နှလုံးသားကို ဖမ်းစားလိုက်ပါပြီ။အသံလေးကလဲကောင်းသလောက် ရုပ်ကလေးချောလှတဲ့အတွက် ပုရိသတွေကြိတ် crush နေရတဲ့ ပန်းရောင်ခြယ်ရဲ့ အကဗီဒီယိုလေးမှာဆိုရင်လဲ ပရိတ်သတ်အကြိုက်တွေ့မှုများစွာကိုရရှိထားတာပဲဖြစ်ပါတယ်။  

သူမကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုထားတဲ့ "You Set Me Free" ဆိုတဲ့ သီချင်းလေးရဲ့ Dance Practie video လေးဟာဆိုရင်လည်း သူမတင်ပေးပြီး အချိန်ခဏလေးအတွင်းမှာပဲ ကြည့်ရှုသူ သုံးသောင်းလေးထောင်တောင် ရရှိခဲ့တာပဲဖြစ်ပါတယ်။သံစဉ်နဲ့စီးချက်ညီစွာ အကလှလေးတွေကို ပိုင်နိုင်စွာကပြနေတဲ့ ပန်းရောင်ခြယ်လေးကတော့ ဝိုး ပရိတ်သတ်တွေကို ကြွေဆင်းသွားစေနိုင်တယ်နော်။

အဖေရဲ့အနုပညာပိုးတွေအပြည့်ပါလာတဲ့ ပန်းရောင်ခြယ်လေးကတော့ သူမဖန်တီးနိုင်တဲ့အနုပညာလေးတွေကို ပရိတ်သတ်တွေအတွက်ကြိုးစားဖန်တီးကာ အမြဲတင်ဆက်ပေးသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။အခုအချိန်လေးမှာဆိုရင်လည်း ပရိတ်သတ်အကြိုက်တွေ့မှုတွေ များစွာရရှိနေတဲ့သူမရဲ့ အကဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

source - Pan Yanng Chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။