ပရိသတ်တွေလက်ရှိ အားပေးနေဆဲဖြစ်တဲ့ အဆိုတော်သားငယ်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ Myanmar Idol Season 2 ရဲ့ Winner ဆုရှင်တစ်ဦးဖြစ်တဲ့အပြင် လက်ရှိ တကိုယ်တော် တေးစီးရီးကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေဆီကို သွားရောက်နေသူတစ်ယောက်ဖြစ်ပြီး ချစ်ဇနီးလေးကိုလည်း အမြဲ ချစ်တက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ အဆိုတော်သားငယ်ရဲ့ လူမှုစာမျက်နှာပေါ်တွင် လင်မယားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို တွေ့ရပါတယ်။ သားငယ်ရဲ့ ဓာတ်ပုံလေးတွေကတော့ ချစ်ဇနီးနှင့်အတူ ပျော်ရွှင်စွာ ရေကူးနေတဲ့ ဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံလေးတွေနှင့်အတူ သားငယ်ကတော့ " ဝက်လင်မလား" ဟူ၍ ပြောပြထားတာတွေ့ရပါတယ်။  

သာယာပျော်ရွှင်နေတဲ့ သားငယ်တို့လင်မလားနှစ်ယောက်ကိုလည်း သရုပ်ဆောင်ဒါရိုက်တာကြီး သားညီကလည်း ကွန့်မန့်ပို့ စနောက်ထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဒီကနေ့ သားငယ်တင်ထားခဲ့တဲ့ သာယာနေတဲ့ ဝက်လင်မယားဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Source - Thar Ngal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။