သရုပ်ဆောင် ရတနာခင်ကတော့ တစ်ချိန်ကအနုပညာလောကမှာ နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလောကနေ အနားယူခဲ့ပြီ ပျော်စရာကောင်း တဲ့မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေး(၃)ဦး ထွန်းထားခဲ့ပြီ ဖြစ်ပြီးသာယာပျော်ရွှင်နဲ့ မိသားစုလေးနဲ့အတူ အရမ်းချစ်တက်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ နေ့ရက်တိုင်း ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

အနုပညာလောကကနေ အနားယူသွားခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်သွယ်မပြတ်ရှိနေခဲ့ပါတယ်။ သူမရဲ့လူမှုကွန်ယက်ကနေ သူတို့ရဲ့ချစ်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို အမြဲလိုလိုမျှဝေပေးနေတာ ကြောင့် ပရိသတ်တွေအချစ်ပိုနေရတာပဲဖြစ်ပါတယ်။ 

မကြာခဏခရီးတွေထွက်လေ့ရှိတဲ့ ရတနာခင်တို့မိသားစုလေးကတော့ ဒီနေ့မှာလည်း ညောင်ဦးဖီးကျွန်းကို သွားရောက်လည်ပတ်နေတယ်လို့သိရပါတယ်။အရမ်းကိုလှပတဲ့ ညောင်ဦးဖီးကျွန်းရဲ့ သဘာဝအလှတွေနဲ့ အပြိုင်ချစ်ဖို့ကောင်းနေတဲ့ ရတနာခင်တို့ဇနီးမောင်နှံလေးကတော့ ညားခါစ ဇနီးမောင်နှံလေးတွေအလားထင် မှတ်ရအောင်ကိုရိုနေကြတာပဲ ဖြစ်ပါတယ်။ပျော်စရာကောင်းတို့ ရတနာခင်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရတနာခင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။