ကြက်ဟင်းခါးသီး ကို လူကြီးပိုင်း အများစုက ကြိုက်နှစ်သက်စွာ စားကြပေမဲ့ အချို့လူငယ်တွေကတော့ ခါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ကြဉ်တတ်ကြပါတယ်။ ကြက်ဟင်းခါးသီးက အရပ်ဒေသလိုက်ပြီး အရောင် အနုအရင့် ကွဲပါတယ်။ ခါးသက်တဲ့ အရသာ ရှိပေမယ့်လည်း ကြက်ဟင်းခါးသီးမှာ ကျန်းမာရေးကို များစွာ အကျိုးပြုတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် အခု ဖော်ပြမယ့် အကြောင်းအရာကတော့ ကြက်ဟင်းခါးသီး စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးများပဲ ဖြစ်ပါတယ်။ 

၁။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကောင်းမွန်ခြင်း

ကြက်ဟင်းခါးရွက်၊ ပင်စိမ်းရွက် တို့ကို ကြိတ်ချေပြီး ပျားရည်နဲ့ ရောစပ်ကာ မနက်တိုင်း စားသုံးပေးခြင်းက ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါတယ်။ အသက်ရှုလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

၂။ အသည်းအားကောင်းစေခြင်း

ကြက်ဟင်းခါးသီး ဖျော်ရည် တစ်ဖန်ခွက်ကို နေ့စဉ် သောက်ပေး ပါက အသည်းဆိုင်ရာ ပြဿနာများကို ကုသပေးပါတယ်။ နေ့စဉ် ဆက်တိုက် တစ်ပတ်တိတိ သောက်ပါက ပိုမိုထိရောက်ပါတယ်။

၃။ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း

ကြက်ဟင်းခါးရွက် (သို့) အသီးကို ရေနဲ့ပြုတ်ပြီး နေ့စဉ်စားပါက ကူးစက်ရောဂါများကို ကာကွယ်ပါတယ်။ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန် လာစေပါတယ်။

၄။ အသားအရေ အတွက် ကောင်းမွန်ခြင်း

ကြက်ဟင်းခါးသီး စားလျှင် ဝက်ခြံများ၊ အမာရွတ်များ၊ အရေပြား ပြဿနာများကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကုသပေးပါတယ်။ ခြောက်လကြာ နေ့စဉ် ကြက်ဟင်းခါးသီး ဖျော်ရည်ကို ရှောက်သီးနှင့် ရောစပ်ပြီး သောက်လျှင် အကျိုးသက်ရောက်မှုများ ရှိပါတယ်။

၅။ ဆီးချိုသွေးချို အတွက် ကောင်းခြင်း

အစိမ်းရောင် ဖျော်ရည်တွေက ဆီးချိုသွေးချို အတွက် ဆေးနည်းတစ်မျိုး ဖြစ်တာမို့ ကြက်ဟင်းခါးသီးဖျော်ရည်က ရောဂါသက်သာ စေပါတယ်။

၆။ ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေခြင်း

ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေဖျက်မှု လွယ်ကူစေပါတယ်။ ထို့ကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

၇။ ကျောက်ကပ် အားကောင်းခြင်း

ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးပေးပါက ကျောက်ကပ်အားကောင်းပြီး ကျောက်တည်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

၈။ နှလုံးအားကောင်းခြင်း

နှလုံးသွေးကြော ပိတ်စေတတ်တဲ့ မကောင်းတဲ့ ကိုလက်စထရောများကို ကြက်ဟင်းခါးသီးက ဖယ်ရှားနိုင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၉။ ကင်ဆာအတွက် အထောက်အကူဖြစ်ခြင်း

ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ ထို့ကြောင့် ကြက်ဟင်းခါးသီးက ကင်ဆာရောဂါများအတွက် သက်သာပျောက်ကင်းစေဖို့ အထောက်အကူပေးပါတယ်။

သို့သော် ကြက်ဟင်းခါးသီးကို တစ်နေ့လျှင် နှစ်လုံးထက် ပိုမစားသုံးသင့်ပါဘူး။ ဒါ့အပြင် အခါးဓာတ်ကို လျှော့ချဖို့အတွက် ဆားရည်စိမ်ပြီးတော့ စားသုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ကတော့ ကြက်ဟင်းခါးသီးကို သတိထားပြီး စားသုံးသင့်ပါတယ်။ အသီးအရွက်တိုင်းကို လတ်လတ်ဆတ်ဆတ် စားသုံးသင့်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဒီအချက်လေးတွေကို သိရှိပြီး ကျန်းမာရေးအတွက် ဆေးတစ်လက်ဖြစ်တဲ့ ကြက်ဟင်းခါးသီးကို အကျိုးရှိရှိ စားသုံးနိုင်ကြပါစေ …။

Source: Healthcare

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။