ယနေ့ မတ်လ(၂၂)ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Rock အဆိုတော် Iron Cross ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပရိသတ်အချစ်တော် အဆိုတော် မျိုးကြီးရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ယနေ့မှာ ကျရောက်လာတဲ့ မွေးနေ့ရက်လေးကတော့ မျိုးကြီးရဲ့ အသက်(၄၂)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပြီး ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မျိုးကြီးကတော့ သူ့ရဲ့ အားကောင်းလှတဲ့ အသံပါဝါနဲ့ တေးသီချင်းကောင်းများစွာကြောင့် သူ့ရဲ့ သီချင်းတိုင်းလိုလိုပေါက်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲမြဲထင်ကျန်နေတာလည်း ဖြစ်ပါတယ်..။

အဆိုတော် မျိုးကြီးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို လတ်တလောမှာလည်း ရှိုးပွဲတွေ ဆက်တိုက်သီဆိုဖျော်ဖြေနေတယ်တာ တွေ့ရပါတယ်..။

အဆိုတော် မျိုးကြီးကတော့ ဂီတအနုပညာလောကမှာ ဆယ်စုနှစ်များစွာကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့်ဂီတအနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

ယနေ့ကျရောက်လာတဲ့ မျိုးကြီးရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေနဲ့အတူ Myanmarload မှ မွေးနေ့ဆုမွန်ကောင်းလေးတောင်းရင်း အဆိုတော်မျိုးကြီးရဲ့ မွေးနေ့ရက်လေးကို ပရိသတ်ကြီးများအတွက် ဖော်ပြလိုက်ပါတယ်နော်..။

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။