ယခုနှစ် (၂၀၁၈)ခုနှစ်အတွင် လူဦးရေရာနဲ့ချီပါဝင်တဲ့ ကမ္ဘာလှည့်အပျော်စီးသင်္ဘောကြီးများ မြန်မာနိုင်ငံတွင်းရှိ ဆိပ်ကမ်းများသို့ ဆက်တိုက်ဆိုသလို ဆိုက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ ဇန်နဝါရီလစတင်ကာမှ ဧပြီ လအထိ အမေရိကန်နိုင်ငံမှ အပျော်စီး ကမ္ဘာလှည့် သင်္ဘောခုနစ်စင်း၊ ဂျာမနီ နိုင်ငံမှ နှစ်စင်း၊ ဗြိတိန်နိုင်ငံမှတစ် စင်းနှင့် ဂျပန်နိုင်ငံမှ နှစ်စင်းခန့် စုစုပေါင်း အစင်း ရေ ၁၂ စင်းခန့် ဝင်ရောက်မယ်လို့ သိရပါတယ်။ပြီခဲ့တဲ့ လပိုင်း အတွင်းကလည်း မြိတ်ကျွန်းစု ဒေသသို့ အမေရိကန်နိုင်ငံမှ တစ်စင်း၊ ဟောင်ကောင် အခြေစိုက် Star Cruise မှ ခြောက်စင်းခန့် ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

မတ် ၁၈ ရက်မှ ၂ဝ ရက်အတွသ်းကလည်း အမေရိကန် ပြည်ထောင်စုမှ ခရီးသည် ၃ဝဝ ကျော် တင်ဆောင် လာခဲ့တဲ့ MV Silver Shadow သဘောၤတစ်စင်း သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရှိရပါတယ်။ထို့ပြင်မတ် ၂ဝ ရက်တွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့်ခရီးသည် ၄၇၅ ဦးပါဝင်တဲ့ MV Black Watch သင်္ဘောတစ်စီး ထပ်မံဆိုက်ကပ်ခဲ့ပြီး ဂျာမန် လူမျိုးအများဆုံး ပါဝင်တဲ့ MV Amadea ကမ္ဘာလှည့်သင်္ဘောကြီးဟာလူဦးရေ ၄ဝဝ ကျော်ကို တင်ဆောင်၍လည်းကောင်း သီလဝါဆိပ်ကမ်း သို့ ဆိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီလအတွင်း ဂျပန်နိုင်ငံမှ Peace Boat ဟု နာမည်ကျော်ကြား သည့် MV Ocean Dream၊ အမေ ရိကန်နိုင်ငံမှ အမေရိကန်လူမျိုး ၅ဝဝ ကျော်စီးနင်းကြမည့် Crystal Cruise နှင့် နိုင်ငံတကာခရီးသည် ၆ဝဝ ကျော် ပါရှိလာ မည့် MV Azamara Journey အပျော်စီးသင်္ဘောများလည်း ဝင်ရောက်မှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီး သွား လာရေး ဝန်ကြီးဌာနမှသတင်းရရှိပါတယ်။နိုင်ငံခြားခရီးသွားဧည့်သည်များကိုတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများဖြင့် ခရီးသွားလုပ်ငန်းအရောင်းမြှင့်တင်ရန် ရည်ရွယ်၍ ကြိုဆိုခဲ့ကြကြောင်း My-anmar Voyages Tourism မှ သိရပါတယ်။ 

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။