ကမ္ဘာအရပ်ရပ်မှာ သူများနဲ့မတူ ထူးထူးခြားခြားကိုယ်အင်္ဂါရပ်သွင်ပြင်တွေရှိသူတွေနဲ့ ၊အံ့အားသင့်စရာကောင်းတဲ့အရာတွေဖန်တီးထားတဲ့အရာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂင်းနစ်စံချိန်ဆိုတဲ့ ဂုဏ်ပြုဆုဆိုတာ ရှိနေတာပါ။

ကမ္ဘာ့မှတ်တမ်းဖြစ်တဲ့ ဂင်းနစ်စံချိန်ဝင်ကြတဲ့ သူတွေထဲမှာ သာမန်လူတန်းစားတွေသာမက ကမ္ဘာကျော်နေတဲ့ အနုပညာရှင်တွေ ဆယ်လီတွေလည်း သက်ဆိုင်ရာဂင်းနစ်ဆုတွေရရှိထားကြပါတယ်။

ထင်ရှားကျော်ကြားတဲ့ဆယ်လီတွေအနက် ဂင်းနစ်စံချိန်ဝင်ထားတဲ့ ဆယ်လီတွေကတော့ …

1. Shakira

Waka waka သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ အဆိုတော်ရှာကီရာကို ပရိသတ်တွေသိပြီးသားနေမှာပါ။ သူမကတော့ အရောင်းရဆုံးစပိန်သီချင်းအယ်ဘမ် နဲ့ အဆိုရှင် ဆုတွေအပြင် ဖေ့ဘုတ်မှာ Likes အရေအတွက်100 မီလျံ ရရှိခဲ့တဲ့ ပထမဆုံးသူ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဂင်းနစ်စံချိန်ဆု(၃)ခုတောင် ရရှိထားတာပါ။

2. Hilary Clinton

ဒုတိယတစ်ဦးကတော့ အမေရိကန်သမ္မဟောင်းကလင်တန်ရဲ့ ဇနီးဖြစ်သူ အမေရိကန်ရွေးကောက်ပွဲလွှတ်တော်အမတ် ၊ ကုလသမဂ္ဂအတွင်းရေးမှုးဟောင်း ဟီလာရီကလင်တန်ပါ။ သူမကတော့ (၂၀၁၆) ခုနှစ်မှာ အမေရိကန်ရွေးကောက်ပွဲကျင်းပချိန်မှာ အင်တာနက်မှာ အရှာဖွေအများဆုံးခံရတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားပါတယ်။

3. Ozzy Osbourne

(၂၀၁၀)ခုနှစ်မှာ Metal အဆိုတော်တစ်ဦးဖြစ်တဲ့ အော်ဇီက လူအုပ်ကြီး (၅၂၀၀၀) ခန့်ရှိတဲ့ အားကစားကွင်းကြီးထဲမှာ အသံပါဝါအရှည်ဆုံးနဲ့ အကျယ်ကြီး ဆိုနိုင်တဲ့ ဂင်းနစ်စံချိန်ဆုကို ဆွတ်ခူးထားပါတယ်။

4. Dwayne Johnson aka The Rock

ပရိသတ်တွေချစ်ကြတဲ့ The Rock လို့ခေါ်တဲ့ မင်းသားကြီး Dwayne Johnson ကတော့ သရုပ်ဆောင်လုပ်ရုံမက နာမည်ကြီး နပန်းသမား တစ်ဦးအဖြစ်လည်း ကျော်ကြားခဲ့တာပါ။ သူဟာ (၃)မိနစ်အတွင်း ဆက်ဖီ(၁၀၅)ခုခန့် ရိုက်နိုင်ခဲ့တာမို့ ဂင်းနစ်စံချိန်ဝင်ထားတာပါ။

5. Metallica

ကမ္ဘာမှာရှိတဲ့ တိုက်ကြီး(၇)ခုလုံးကို ကမ္ဘာလှည့်ဖျော်ဖြေနိုင်တဲ့ ပထမဆုံး ဂီတအဖွဲ့အဖြစ် ဂင်းနစ်စံချိန် ရရှိထားပါတယ်။

6. Ellen DeGeneres

နာမည်ကြီး ရုပ်မြင်သံကြားတင်ဆက်သူတစ်ဦးဖြစ်တဲ့ အယ်လမ်ကတော့ အော်စကာဆုပေးပွဲအတွင်း ဆက်ဖီပုံရိုက်ကူးခဲ့ပြီး အဲ့ဒီဓာတ်ပုံဟာ တွစ်တာမှာ အကြိမ်ရေ (3.3) မီလျံခန့်ရရှိခဲ့ပါတယ်။

6. Regis Philbin

အမေရိကန် ဂိမ်းရှိုးတစ်ခုနဲ့ talkshow တစ်ခုမှာ အစီစဉ်ကြေညာတင်ဆက်သူဖြစ်တဲ့ Regis ဟာ (၂၀၀၄)ခုနှစ်က ရုပ်မြင်သံကြားကင်မရာရှေ့မှာ နာရီပေါင်း (15,188) ခန့်တင်ဆက်ခဲ့တာမို့ ဂင်းနစ်စံချိန်ချီးမြှင့်ခံခဲ့ရပါတယ်။

8. Eminem

နောက်ထပ် ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ Rap ဘုရင်လို့ တင်စားရတဲ့ အမ်မီနမ် ကတော့ (၂၀၁၃)ခုနှစ်မှာ Rap God သီချင်းနဲ့ စံချိန်ချိုးခဲ့ပါတယ်။ သူဟာ (၆)မိနစ် (၄)စက္ကန့်အတွင်း စကားလုံးရေ (1560)ခန့် ရွတ်ဆိုနိုင်ခဲ့ပါတယ်။အမြန်ဆုံးရက်ပ်ရွတ်နိုင်တာမို့တကယ့်ကို ချီးကျုးအံ့သြဖို့ကောင်းပါတယ်။

9. Robert Downey Jr.

နောက်တစ်ယောက်ကတော့ ဟောလိဝုဒ်မင်းသား ရောဘတ်ဒေါင်နေး ဂျူုနီယာ ပါ။ သူကတော့ ဂင်းနစ်စံချိန်ဝင်အောင် ကိုယ်တိုင်မလုပ်နိုင်ပေမယ့် သူ့ရဲ့ မွေးနေ့ဆုတောင်းကတ်တွေနဲ့ အသိအမှတ်ပြုခံရတာပါ။တရုတ်ပြည်ခရီးစဉ်အတွင်း သူ့ပရိသတ်တွေဆီကနေ သူ့ရဲ့လက်မှတ်ပေါင်း(5339) ခုခန့်ပါဝင်တဲ့ ကတ် တစ်ခုကို လက်ဆောင်ရခဲ့တာမို့ ဒါဟာ ထူးထူးခြားခြားအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။

10. Michelle Obama

ဂင်းနစ်ဆုရရှိထားသူထဲမှာ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဇနီး မီရှဲလ်အိုဘားမား တစ်ယောက်လည်းပါဝင်ပါတယ်။ သူမကတော့ (၂၀၁၁)ခုနှစ်မှာ ခုန်ပေါက်နေတဲ့ ကလေးငယ်(၄၀၀)ပါတဲ့အဖွဲ့နဲ့ချိတ်ဆက်ပြီး စံချိန်ချိုးဖို့လုပ်ခဲ့ပါတယ်။ (၂၄)နာရီအတွင်း လူပေါင်းသုံးသိန်းကျော်နဲ့ ဂျက်ကတ်စင်တူတွေနဲ့ ခုန်ပေါက်ခဲ့ရင်း ဂင်းနစ်စံချိန်ရခဲ့ပါတယ်။

Brightside 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။