မီးသတ်စက်ရုပ် မြန်မာဝယ်ယူမည်

မီးသတ်ဦးစီးဌာနအတွက် ပိုလန်နိုင်ငံ ယူရိုသန်း ၅၀ ချေးငွေနဲ့ မီးငြှိမ်းသတ်ရေးယာဉ်နဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ် အစီးရေ ၆၅ စီးထဲမှာ မီးသတ်စက် ရုပ်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မီးငြှိမ်းသတ်ရေးအတွက် ရိုဘော့စက်ရုပ်တွေဝယ်ယူမှုနဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံမှဝယ်ယူမယ့် ယာဉ်စက်တွေထဲမှာ မီးငြှိမ်းသတ်ရေးလုပ်ငန်းသုံးတစ်ခု ပါဝင်ပါတယ်၊ စက်ရုံအလုပ်ရုံ၊ ဈေးများကဲ့သို့သော မီးလောင်မှုကြီးမားတဲ့ မီးခိုးမီးတောက်အန္တရာယ်များပြားတဲ့ မီးလောင်မှုတွေမှာလဲစနစ်တကျအ သုံးပြုနိုင်ရေး အလေးအနက်ထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးလိုပါတယ်လို့ ပြည်ထောင်စုလွှတ်တော်မှာပြောပါတယ်။

အဆင့်မြင့်မီးငြှိမ်းသတ်ရေး ယာဉ်နဲ့ ရှာဖွေကယ်ဆယ်ရေး ယာဉ်ရှစ်မျိုးယာဉ်အစီးရေ ၆၅ စီးနဲ့ လူနာတင်ယာဉ်တွေလည်းပါဝင်ပါတယ်။ သည်မီးသတ်ယာဉ်တွေကို လူနေထူထပ်တဲ့ ခရိုင်မြို့ နယ်၊ သဘာဝဘေးအန္တရာယ်ကြုံ တွေ့နိုုင်တဲ့ အခြေအနေအလိုက်ခွဲဝေပေးသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံစာချုပ်ချုပ်ဆိုပြီး တစ်နှစ်အတွင်းယာဉ်စက်ကိရိယာပစ္စည်းတွေကို ပိုလန်ကနေပေးပို့မှာ ဖြစ်ပါတယ်။

ပိုလန်သမ္မတနိုင်ငံအစိုးရကနေ အဆင့်မြင့် မီးသတ်ယာဉ်တွေ၊ မီးသတ်အထောက်အကူပြုယာဉ်တွေ၊ စက်ကိရိယာတွေနဲ့ ဆက်စပ်ကိရိယာတွေ ဝယ်ယူဖို့အတွက် ယူရိုသန်း ၅၀ ကို ချေးငွေ အဖြစ် ကမ်းလှမ်းလာတဲ့အတွက် မြန်မာအစိုးရကနေ ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းလာတာဖြစ်ပါတယ်။

‘ချေးငွေအပေါ်အမြတ်ထုတ်လို့မရအောင် Third Party အဖွဲ့နဲ့ထိန်းကျောင်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုးကဆိုပါတယ်။ ချေးငွေယူရိုသန်း ၅၀ အတွက် အတိုးနှုန်း ဝ.၁၅ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလငါးနှစ်၊ ပြန်လည်ပေးဆပ်ရမယ့် ကာလအရစ်ကျအကြိမ် ၁၁၀ နဲ့ ၅၅ နှစ်ဖြစ်ပါတယ်။

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။