Samsung Galaxy S9+ ကို ကမ္ဘာအဝန်းမှာ ဒေါ်လာ ၈၀၀ နဲ့ ၉၀၀ အကြားမှာရောင်းချပေးနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထုတ်လုပ်မှု ကုန်ကျ စားရိတ်နဲ့ အစိတ်အပိုင်းများတန်ဖိုးစုစုပေါင်းဟာ ၃၇၉ ဒေါ်လာသာရှိတယ် လို့ TechInsights က တွက်ချက်လိုက်ပါတယ်။ အဲဒီထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ Galaxy Note 8 ထက် ၁၀ ဒေါ်လာပိုမိုများပြားပြီး S9+ ဟာဆမ်ဆောင်းထုတ်လုပ်ခဲ့ဖူးသမျှ စမတ်ဖုန်းများထဲမှာထုတ်လုပ်မှု ကုန်ကျစရိတ် အများဆုံးစမတ်ဖုန်း ဖြစ်လာပါတယ်။ 

TechInsights က ထုတ်လုပ်မှု ကုန်ကျစရိတ်အပိုင်းမှာ Galaxy S9+ Global Version ကို Galaxy Note 8 , Galaxy S8+, iPhone 8 Plus , iPhone X များကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ Apple iPhone X ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ Galaxy S9+ ထက် ၁၀ ဒေါ်လာပိုမိုများပြားပြီး ၃၈၉.၅၀ ဒေါ်လာ ဖြစ်ပါတယ်။ 

Samsung Galaxy S9+ ရဲ့ Exynos 9810 Chipset ဟာ ၆၈ ဒေါ်လာနဲ့ Super AMOLED Display ဟာ ၇၂.၅၀ ဒေါ်လာတန်ကြေးရှိပါတယ်။ မန်မိုရီနဲ့ ကင်မရာများဟာလည်းတန်ဖိုးကြီးမားတဲ့ ဖုန်းအစိတ်အပိုင်းများ ဖြစ်ပါတယ်။ S9+ ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဖြစ်တဲ့ ၃၇၉ ဒေါ်လာထဲမှာ ဈေးကွက်မြှင့်တင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုတေသနအတွက် ကုန်ကျစရိတ်နဲ့ အခွန်အခများ မပါဝင်ပါဘူး။

Source : Mobile Guide  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။