လူတစ်ယေက်ဟာ သွေးပေါင်ကျတာလည်း မကောင်းသလို သွေးတိုးတာလည်းမကောင်းပါဘူး။ဝေဒနာတွေ ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီလှပါဘူး။ သွေးပေါင်ချိန်ကတော့ နှလုံးခုန်နှုန်း၊ စိတ်ဖိစီမှု၊ ကိုယ် ဟန်အနေထား၊ အိပ်တဲ့အချိန်မှာ သွေးပေါင်ကျတတ်ပြီး မနက်အိပ်ရာကထရင်တော့ သွေးပေါင်ချိန်တက် တတ်ပါတယ်။ သွေးပေါင်ကျနေပြီးဆိုရင်တော့ ထိုင်နေရာမှာဖြစ်ဖြစ် လှဲလျောင်းနေရာမှာပဲဖြစ်ဖြစ်၊ ရုတ် တရက်သွေးပေါင်ကျတတ်ပါတယ်။

သတိထားရမဲ့နည်းတွေကတော့ ခြေထောက်ချိတ်ထိုင်တတ်တဲ့ သူတွေ ၁၀ မိနစ်တစ်ခါ ထိုင်တဲ့ပုံစံပြောင်း ပေးပါ။ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတတ်ပါတယ်။အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ လေ့ကျင့်ခန်း အပြင်အထန်လုပ်ခြင်း၊ တို့ကရေဓာတ်ခြမ်းခြောက်စေပြီး သွေးပေါင်ကျတတ် ပါတယ်။ 

သွေးပေါင်ကျနေရင် ခေါင်းမှုခြင်း၊ ခေါင်းလေးခြင်း၊ အမြင်ဝေးဝါးခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ခြေလက် လေးလံခြင်း၊ မျက်နှာတွေဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ သတိမေ့တဲ့ အထိဖြစ်သွားတတ်ပါတယ်။ သက်ကြီးရွယ် အိုးများအနေဖြင့်လည်း သတိထားရမဲ့အချက်ဖြစ်ပါတယ်။ ဓတ်ဆားရည်သောက်ခြင်း၊ အရက်လျော့သောက် ခြင်း၊ ထိုင်ရာမှ ထလျင်ဖြည်းဖြည်းချင်ထခြင်း တို့ကို ပြုလုပ်ပေးပါ။ အချိန်ကြာကြာမတ်တပ်ရပ်ခြင်းကိုလည်း ရှောင်ကြည်သင့်ပါတယ်။ အားလုံးကျန်းမာကြပါစေ။ 

Source: dr အိမ့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။