နှလုံးကြီးတာဟာ ရောဂါတစ်ခုမဟုတ်ပေမယ့် ရောဂါရှိနေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ နှလုံးကြီးခြင်းကို ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် သိရှိနိုင်ပြီး နှလုံးကြွက်သားတွေအားနည်းလို့ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိခြင်း၊ နှလုံး အဆို့ရှင်ပြဿနာရှိခြင်း၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ခြင်း စတာတွေကြောင့် နှလုံးကြီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာ အကြောင်းအရင်းတစုံတရာ မရှိဘဲ နှလုံးကြီးလာနိုင်ပါတယ်။ 

ဒါ့ကြောင့် နှလုံးကြီးခြင်းကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းများကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

1. သွေးတိုးရောဂါရှိခြင်း

2. နှလုံးအဆို့ရှင်ဆိုင်ရာရောဂါရှိခြင်း

3. နှလုံးကြွက်သားအားနည်းခြင်း

4. နှလုံးမြှေးဖုံးတွင် ရေစုနေခြင်း

5. သွေးအားနည်းခြင်း

6. သိုင်းရွိုက်ဟော်မုန်းနှင့် ဆိုင်သောရောဂါများ

7. ခန္ဓာကိုယ်ထဲတွင် သံဓာတ်များစုပုံနေခြင်း

8. Amyloidosis ကဲ့သို့သော သွေးထဲတွင် ပုံမှတ်မဟုတ်တဲ့ ပရိုတင်းတွေ စုပုံနေခြင်း

9. နှလုံးနှင့်အဆုတ်ကို ဆက်သွယ်ပေးထားသော သွေးကြောအတွင်း၌ သွေးဖိအား မြင့်တက်နေခြင်း

နှလုံးကြီးခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေကို သိရှိပြီးနောက် ကုသရမှာဖြစ်ပါတယ်။ သွေးတိုးရောဂါရှိပါက ဆေးဝါးများဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။ နှလုံးသွေးကြောအတွင်း သွေးခဲဖြစ်ပေါ်မှုကို သွေးကျဲဆေးသုံးပြီး လျော့ချနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်များအ အားလုံးကို သေချာစွာ သိရှိစေရန်အတွက် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။ အစားအသောက်၊ အနေအထိုင်က အစ ဂရိုစိုက်ကြဖို့လည်း အကြံပေးချင်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ ထက်ထက်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။