မတ် ၂ဝ ရက်နေ့၊ မနေ့ကမနက်ပိုင်းအချိန်၊ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရေး အတွက်ယာဉ်မောင်းနှင်သူများအား အသိပညာပေးခြင်းလုပ်ငန်းစဉ်များ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆို ပါအသိပညာပေးခြင်း လုပ်ငန်းစဉ်များကိုတော့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင် မြို့နယ် ဗိုလ်တထောင် ဘုရားလမ်းပေါ်တွင် အမှတ် (၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့ကဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပုဇွန်တောင်)၊နဲ့အတူ အမှတ်(၃၄) ယာဉ်ထိန်းတပ်ဖွဲ့စု (မင်္ဂလာတောင် ညွန့်) နှင့်ကားမောင်းကြသူများ (Driving Myanmar Group )တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူများကို အသိပညာပေးခြင်းများဖြစ်တဲ့ ယာဉ်အန္တရာယ်ကင်း ဝေးစေရေးအတွက် ထိုင်ခံုံခါးပတ်များ ပတ်ရန်၊ ယာဉ် မောင်းသူများ အရက်သေစာသောက်စားပြီး ယာဉ် မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ပေါ်တွင် သတ်မှတ်လူဦးရေ ထက်ပိုပြီး လူပိုမတင်ရန်၊ သတ်မှတ်မိုင်နှုန်းထက်ပိုပြီး မဆင်မခြင် မောင်းနှင်ခြင်းမပြုရန် အသိပညာပေး ဟောပြောခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဆက်လက်ပြီး ယာဉ်တံခါးတွေ ဘေး/နောက်ဖွင့်ပြီး မောင်းနှင်ခြင်း မပြုရန်၊ ယာဉ်နှင့် ယာဉ်မောင်းများ လိုင်စင်မရှိဘဲ မောင်းနှင်ခြင်းမပြုရန်၊ ပါဝါအိတ်ဇောဖွင့်ပြီး မောင်းနှင်ခြင်းမပြုရန်၊ လမ်း ပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မီးနီဖြတ်သန်းမောင်း နှင်ခြင်းမပြုရန် စသည့် အချက်များကိုထည့်သွင်း ပြောကြားခဲ့ကြောင်း ၎င်းတာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက် အရသိရပါတယ်။

ထို့အပြင် ယာဉ်များတွင် ထိုင်ခုံခါးပတ်ပတ်ရန် သတိ ပေး စတစ်ကာများကပ်ခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို လည်း အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပညာပေးမှုများပြီးပါက အရေးယူမှု များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။