အကယ်ဒမီပေးပွဲကြီးကျင်းပပြုလုပ်ဖို့ နာရီပိုင်းလေးအလိုမှာတော့ မင်းသမီးရွှေမှုံရတီရဲ့ဗီဒီယိုလေးတစ်ခုဟာ ပရိတ်သတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေလောက်အောင် ဆွဲဆောင်သွားခဲ့ပါတယ်။ထိုဗီဒီယိုလေးကတော့ သူမရဲ့အကယ်ဒမီပေးပွဲတက်မယ့် ဝတ်စုံလေးအကြောင်းကိုဖန်တီးထားတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပြီး သူမပြောခဲ့တဲ့စကားလေးအတိုင်း ပရိတ်သတ်တွေအားလုံးကို ဂယက်ထသွားစေလောက်အောင် ထိုဗီဒီယိုလေးက ဆွဲငင်အားပြင်းထန်ခဲ့တာပဲဖြစ်ပါတယ်။ 

မနက်ခင်းလေးတစ်ခုမှာနိုးထလာတဲ့အခန်းလေးကနေစတင်ပြီး သူမရဲ့သဘာဝအလှတွေကိုပါပေါ်လွင်စေတဲ့ ရိုက်ချက်လေးတွေကြောင့် ထိုဗီဒီယိုလေးဟာ တင်ပြီးပြီးချင်းနာရီဝက်ဝန်းကျင်လေးမှာတင် ကြည့်ရှုသူ ငါးသောင်းကျော်ထိတောင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။သူမရဲ့ပွဲတက်ဝတ်စုံလေးဟာဆိုရင်လည်း ပန်းနုရောင်ကာလာထက်မှာ ဖန်တီးမှုများစွာပါဝင်နေတဲ့ ချိတ်ထဘီနဲ့ အင်္ကျီလေးဖြစ်တာကြောင့် အမြင့်တင်တယ်လှပြီး ကျက်သရေရှိလှပါတယ်။ထိုဝတ်စုံလေးက ရွှေမှုန်ရတီလေးရဲ့ ခန္ဓာကိုယ်ပေါ်ဆင်မြန်းလိုက်တဲ့အခါမှာဆိုရင်လည်း ရွှေမှုန်ရဲ့ဖြူဝင်းတဲ့အသားအရေ ကျော့ရှင်းတဲ့ခန္ဓာကိုယ်အလှတို့နဲ့အသားကျကာ လိုက်ဖက်ညီမှုရှိလှပါတယ်။ 

ရွှေမှုန်ရတီရဲ့ ထိုဝတ်စုံလေးနဲ့လိုက်ဖက်အောင် စီးနင်းလာတဲ့ဖိနပ်လေးဟာဆိုရင်လည်း လှပလှပြီး တန်ကြေးအနေနဲ့ဆိုရင်မြန်မာငွေ ကျပ်သိန်း၇၀ တန်ကြေးရှိနေတာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေကို အမြဲအံသြသွားအောင်ပြုလုပ်တတ်တဲ့ ရွှေမှုန်ရတီရဲ့ ဒီတစ်ခေါက်ပြုလုပ်လိုက်တဲ့ surprise လေးကတော့ မြင့်တွေ့ရသူတိုင်းကို အံသြသွားစေနိုင်လောက်တဲ့ အကြောင်းအရာလေးတွေနဲ့ပြည့်နှက် surprise လေးတစ်ခုလို့တောင်ပြောလို့ရလောက်ပါတယ်။ အကယ်ဒမီပေးပွဲကြီး မကျင်းပမီနာရီပိုင်းလေးအလိုမှာ ပရိတ်သတ်တွေကို အံသြမှင်သက်စေခဲ့တဲ့ ရွှေမှုန်ရတီရဲ့ဗီဒီယိုလေးကိုလဲ တင်ဆက်ပေးလိုက်ပါတယ်။ 

source - Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။