သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပွင့်နဒီမောင်တစ်ယောက် သူမရဲ့အကယ်ဒမီပွဲတက်ဝတ်စုံကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ လှပလွန်းတဲ့ ဝတ်စုံလေးက သူမနဲ့လိုက်ဖက် လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ နာမည်ရသရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလော ကထဲမှာ ရပ်တည်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသည့်တိုင် အောင် သူမရဲ့အလှတွေက လျော့ပါးမသွားပဲ အရင်ကထက် ပိုပိုတိုးလို့သာ လှလို့နေပါ တယ်။ အမြဲတမ်းအပြုံးချိုချိုလေးနဲ့ဆွဲဆောင်ခဲ့ပြီး ချစ်ဖို့သွားတက်ကလေးနဲ့ ပွင့်နဒီမောင်ကို အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေကလည်း အများအပြားပါပဲ။

နေရယ် လရယ် အမှန်တရားရယ် ဇာတ်ကားမှာလည်း သူမကပါဝင်သရုပ်ေ်ဆာင်ထားတာ ဖြစ်ပါတယ်။ Look Magazine အတွက်လည်း သူမက Photo Shooting ရိုက်ကူးထားပါ သေးတယ်။ ဘယ်အချိန်ကြည့်ကြည့်လှပလွန်းတဲ့ သူမရဲ့ပုံရိပ်တွေက ပရိတ်သတ်တွေကို အမြဲတမ်း ဆွဲဆောင်နိုင်ခဲ့ပြီး အနုပညာသက်တမ်းတစ်လျေျာက်လုံးမှာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ကြာရှည်စွာထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်လည်းဖြစ်ပါတယ်။

သူမရဲ့ယနေ့ အကယ်ဒမီပွဲတက်ပုံရိပ်တွေကို " အကယ်ဒမီသို့ " ဆိုတဲ့ စာလေးနဲ့အတူ လှပ လွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို တင်ထားတာဖြစ်ပါတယ်။ ဆင်စွယ်ရောင်ဝတ်စုံလေးနဲ့ အလှကြီး လှနေတဲ့ ပွင့်နဒီမောင်ရဲ့ မြန်မာဆန်ဆန်လှပနေတဲ့ အကယ်ဒမီပွဲတက်ဝတ်စုံဖက်ရှင် လေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Pwint Nadi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။