ဂျီရော့ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။ယခုနှစ်ရာသီဝက်အပြောင်းအရွှေ့မှာ ဂျီရော့ဟာ အာဆင်နယ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနဲ့ ကစားသမားဘဝကို ဖြတ်သန်းရာမှာတော့ ဂျီရော့ဟာ သူ့ရဲ့ ခြေစွမ်းကို အားမရသေးတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဂျီရော့ဟာ ဒီထက်ပိုပြီး ကြိုးစားသွားမယ်လို့ ဖွင့်ဟခဲ့ပြီး သွင်းဂိုးတွေသွင်းယူနိုင်အောင်လည်း လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဂျီရော့ဟာ ချဲလ်ဆီးအသင်းနဲ့ ၈ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူထားကာ ၃ ဂိုးဖန်တီးပေးထားနိုင်တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂျီရော့ဟာ ပုံမှန်နေရာအတွက် မိုရာတာနဲ့ နေရာလုတိုက်ပွဲဆင်နွဲနေရတာလည်းဖြစ်ပါတယ်။

ဂျီရော့က " ချဲလ်ဆီးအသင်းမှာ အခြေကျနိုင်ခဲ့တဲ့အတွက် ပျော်ရွင်မိပါတယ်။အသင်းဖော်တွေရဲ့ ဖော်ရွှေမှုတွေကြောင့် တကယ့်ကိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။ကျွန်တော်သွင်းဂိုးတွေ ပိုမိုရရှိအောင်စွမ်းဆောင်ဖို့လိုအပ်နေပါတယ်။ပရီးမီးယားလိဂ် ၅ ပွဲကစားထားပြီးချိန်မှာ ၁ ဂိုးသွင်း ၃ ဂိုးဖန်းတီးပေးထားနိုင်ခဲ့ပါတယ်။ဒါဟာလုံလောက်မှုမရှိသေးပါဘူး။ဒီထက်ပိုပြီးဂိုးတွေသွင်းယူသွားနိုင်ဖို့ ဆက်ပြီးကြိုးစားသွားမှာပါ။ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်လို့ပါ " လို့ ထုတ်ဖော်ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။