PSG အသင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိနေတဲ့အတွက် နည်းပြအချို့ကို စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ရာသီအစက နေမာ၊ အမ်ဘတ်ပီ စတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားပေမဲ့ ဥရောပပြိုင်ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာကြောင့် PSG အသင်းပိုင်ရှင်က နည်းပြအပြောင်းအလဲ လုပ်ဖို့ စိတ်ကူးနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် လက်ရှိနည်းပြ ဖြစ်သူ အူနိုင်းအမ်မရီ ကို ယခုနှစ်ရာသီကုန်ရင် ထုတ်ပယ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

PSG အသင်းဟာ နည်းပြသစ်ဖြစ်လာမယ့်သူတစ်ယောက်ရွေးချယ်ဖို့ နည်းပြ ၅ ဦးကို လျာထားတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ခေါ်ယူမယ့်နည်းပြ တွေထဲမှာ ပရီးမီးယားလိဂ် နည်းပြ ၃ ထိပါဝင်နေတာလည်းဖြစ်ပါတယ်။PSG အသင်းပိုင်ရှင်ဟာ အသင်းကိုအကောင်းဆုံးဖွဲ့စည်းထားပေမယ့် ဥရောပပြိုင်ပွဲတွေမှာ ရလဒ်မကောင်းမှုတွေနဲ့ ကြုံနေရတာကြောင့် စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။

PSG အသင်းခေါ်ယူဖို့ လျာထားတဲ့ နည်းပြငါးဦးမှာတော့ လီဗာပူလ်းအသင်းနည်းပြ ဂျာဂင်ကလော့ပါဝင်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်ပစ်မှတ်ကတော့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ကွန်တီကို ခေါ်ယူဖို့ပါ စိတ်ဝင်စားနေတာဖြစ်ပါတယ်။PSG အသင်းမှာ နည်းပြခဲ့ဖူးတဲ့ နည်းပြဟောင်း အန်ဆယ်လော့တီကို ပြန်လည်ခေါ်ယူသွားဖို့ပါ စီစဉ်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်ခေါ်ယူချင်တဲ့ နည်းပြတစ်ဦးကတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း လူးဝစ်အင်းနရစ် ပဲဖြစ်ပါတယ်။နောက်ဆုံးခေါ်ယူချင်တဲ့ နည်းပြကတော့ လက်ရှိမှာ စပါးအသင်းကို အကောင်းဆုံးနည်းပြပေးနေတဲ့ ပိုချက်တီနိုပဲ ဖြစ်ပါတယ်။

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။