ပရိသတ်ချစ်တော်မင်းသားချောနေတိုးကတော့၂၀၁၇ခုနှစ်ရဲ့ အကယ်ဒမီပေးပွဲကြီးမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံးနဲ့ ထင်ကြေးပေးခံနေရဆုံး မင်းသားစရင်းမှာပါဝင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။နေတိုးလို့ပြော လိုက်တာနဲ့ ပရိသတ်တွေရင်ကထဲကနေ အလိုလိုသိနေမှာကတော့ မမတာဖြစ်မယ်ဆိုတာ မလွဲမသွေပါပဲနော်။ တာတေကြီးဇာတ်ကားကြီးနဲ့ အနုပညာမှော်အစွမ်းတွေကို ချပြနိုင်လိုက်သလို ပရိသတ်တွေရဲ့ ရင်ထကဲချီးကျူး မှု တွေနဲ့ မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့ နေတိုးအတွက် ဒီနှစ်အကယ်ဒမီပွဲကြီးကလည်း တကယ့်ကိုရင်ခုန်စရာပါ ပဲနော်။

ပရိသတ်အချစ်တော်နေတိုးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေနဲ့ ထပ်တူကိုယ်တိုင်လည်း အရမ်းကို ရင်တွေတဒုတ်ဒုတ်ခုန်နေပြီး အကယ်ဒမီပွဲကြီးကိုတက်လာမယ်လို့ ထင်ပါတယ်။ဒီနှစ်ရဲ့ အကယ်ဒမီပေးပွဲမှာ အဖြူရောင်ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကိုလှနေတဲ့ ပုံရိပ်လေးတွေ ချစ်ပရိသတ်တွေ အတွက်မျှဝေပေးချင်ပါ တယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကိုခန့်နေတဲ့ နေတိုးရဲ့ပွဲတက်ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ မင်းသက်စံက ချုပ်လုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ 

ပရိတ်တွေအရမ်းကိုသဘောကျနေတဲ့ အရမ်းလှတဲ့ ရင်ထိုးလေးကတော့ စိန်နန်းတော် စိန်ရွှေရတနာစိန်မှ စပွန်ဆာ ပေးထားတာဖြစ်ပြီး ဖိနပ်ကိုတော့ ရွှေနဂါး(မန္တလေး)မှ တာဝန်ယူဆောင်ရွှက်ပေးထားတာပဲ ဖြစ်ပါ တယ်။အကယ်ဒမီပွဲကြီးကလည်း လက်ရှိမှာစနေပြီဖြစ်တာကြောင့် နေတိုးရော နေတိုးကိုချစ်တဲ့ ပရိသတ်တွေ ရောအားလုံးအရမ်းကိုရင်ခုန်နေကြမယ်လို့ ထင်ပါတယ်။ပရိသတ်တွေ မျှော်လင့်ထားကြတဲ့အတိုင်း တာတေကြီး ဇာတ်ကားကြီးနဲ့ အကယ်ဒမီရပါစေလို့ ဆုတောင်းပေးလိုက်ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - နေတိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။