ခိုင်သင်းကြည်ကတော့ ဒီကနေ့မှာကျင်းပပြုလုပ်တဲ့ အကယ်ဒမီပွဲလေးကိုတက်ရောက်ခဲံပါတယ်။ ဝါရင့်သရုပ်ဆောင်တယောက်လို့တောင်ပြောကြားလို့ရနေပြီဖြစ်တဲ့ ခိုင်သင်းကြည်အတွက်တော့ အကယ်ဒမီပေးပွဲကြီးက ငယ်ဘဝတွေကိုပြန်အမှတ်ရစေပြီး ပျော်ရွှင်မှုတွေများစွာကိုပေးစွမ်းနေတဲ့ပွဲကြီးတစ်ပွဲလို့တောင်ပြောလို့ရပါတယ်။

ခိုင်သင်းကြည်ကတော့ အကယ်ဒမီပေးပွဲတက်ဖို့အတွက် မိတ်ကပ်ပြင်ဆင်မှုကိုတော့ မထက် (pop soul) ဆီမှာပြင်ဆင်ချယ်သခဲ့တာဖြစ်ပြီး လိမ်းခြယ်ထားတဲ့မိတ်ကပ်လေးကတော့ သူမရဲ့မျက်နှာလေးကိုကြည်လင်ကာ ဝင်းလက်နေစေတာပဲဖြစ်ပါတယ်။။ဆံနွယ်လေးဟာဆိုရင်လည်း ရီုးရီုးရှင်းရှင်းရှင်းလေးနဲ့ အမြင်အေးစေအောင်ပုံဖော်ထားတဲ့အတွက် သူမရဲ့မျက်နှာလေးနဲ့လိုက်ဖက်မှုရှိလှပါတယ်။

ခိုင်သင်းကြည်ရွေးချယ်ဝတ်ဆင်တဲ့ဝတ်စုံလေးဟာဆိုရင်လည်း ပန်းပွင့်လေးများစွာနဲ့စီချယ်ထားပြီး အရောင်လေးကလဲ သူမရဲ့အသားအရေနဲ့လိုက်ဖက်ညီကာ ပန်းကလေးတစ်ပွင့်သဖွယ်လှပလှပါတယ်။ဒီကနေ့အကယ်ဒမီပေးပွဲကြီးအတွင်းမှာလည်း အမြင်အေးတဲ့ပန်ကလေးတစ်ပွင့်သဖွယ်လှပနေဦးမယ့် ခိုင်သင်းကြည်ရဲ့ပုံရိပ်လေးတွေကိုလဲ ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

source - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။