ဒီကနေ့မှာကျင်းပပြုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံး အသံဖန်တီးသူဆုကိုတော့ သိန်းအောင် ကဆွတ်ခူးရရှိပါတယ်။ထိုဆုလေးကိုတော့ အသံဖန်းတီးရှင် က ထာဝရအမေ ရုပ်ရှင်ကားလေးနဲ့ရရှိခဲ့တာဖြစ်ပြီး သူရဲ့တစ်နှစ်တာကြိုးစားအားထုတ်မှုတွေကတော့ အရာထင်ခဲ့ပြီပဲဖြစ်ပါတယ်။

ထာဝရအမေရုပ်ရှင်ကားနဲ့ ရုပ်ရှင်အသံဆုကိုဆွတ်ခူးရရှိခဲ့တဲ့ သိန်းအောင်ကတော့ ကျေးဇူးတင်စကားလေးတွေပြောကြားခဲ့ချိန်မှာ အသံလေးတွေတောင်တုန်နေတဲ့အတွက် သူ့အနေနဲ့ဘယ်လောက်တောင်ရင်ခုန်စိတ်လှုပ်ရှားနေလဲဆိုတာက ပြောမပြတတ်အောင်ပါပဲ။အသံတွေတောင်တုန်ပြီး ရင်ခုန်စိတ်လှုပ်ရှားမှုတွေပြည့်နေတဲ့ သိန်းအောင်ကတော့ ဘယ်လောက်တောင်ပျော်ရွှင်နေမလဲဆိုတာ တွေးသာကြည့်ပါတော့ပရိတ်သတ်ကြီးရေ။

source - Photo credit Mrtv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။