နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့နှစ်ယောက် အမျိုးသား ဇာတ် ပို့ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို အသီးသီး ရရှိသွားကြတာဖြစ်ပါတယ်။ တကယ်ကို ဝမ်း သာဂုဏ်ယူမိပါတယ် ဗိုလ်အောင်ဒင်နဲ့ မမြင်ဝင်းတို့ရေ။ " ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ ' ဇာတ်ကားမှာ အတူတူသရုပ်ဆောင်ခဲ့ကြပြီး ပရိတ်သတ်တွေရဲ့နှုတ်ဖျားမှာ " ဂျင်းကောင် " ဆိုတဲ့စကားကို စွဲနေအောင် ပီပီပြင်ပြင် ပျော်ပျော်ရွှင်ရွှင်နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့ကြ တာပဲဖြစ်ပါတယ်။ တကယ်ကိုပရိတ်သတ်တွေရဲ့ အားပေးကြမ်းမှုကိုရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နှစ်ယောက်လုံးဟာ မတူညီတဲ့ဇာတ်ကားနှစ်ကားမှာ အမျိုးသား ဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု အသီးသီးကိုဆွတ်ခူးခဲ့ ကြတာဖြစ်ပါတယ်။ မြင့်မြတ်အနေနဲ့ " အမှောင်မှာရွာချတဲ့ မိုးတိမ် " ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ပိုင်ဖြိုးသုကတော့ " သရဲမ ဘီလူးမနှင့် မိန်းမပျို (3 Girls ) ဇာတ်ကားနဲ့အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ ပရိတ် သတ်တွေချစ်ခဲ့ရတဲ့ ဗိုလ်အောင်ဒင်နဲ့ မမြင်ဝင်းကတော့ ပရိတ်သတ်တွေရစေချင်တဲ့ အကယ် ဒမီထူးချွန်ဆုကိုဆွတ်ခူးသွားနိုင်ကြပါပြီနော်။

တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ ပရိတ်သတ် တွေကြားမှာ ဗိုလ်အောင်ဒင်နဲ့ မမြင်ဝင်းရယ်လို့ ရေပန်းစားခဲ့တဲ့ ပရိတ်သတ်အချစ်တော် နှစ်ဦးစလုံးက အမျိုးသားဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ်ပို့ဆုတို့ အသီးသီးဆွတ်ခူးသွားတာ ကြောင့် တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ ထူးချွန်ဆုပေးပွဲကြီးပါပဲ။ ဗိုလ်အောင်ဒင်နဲ့ မမြင်ဝင်းတို့နှစ်ယောက်စလုံးအတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။