မြန်မာရုပ်ရှင်ခေတ်ပြောင်းလဲမှုထဲ ရှေ ့ဆုံးကပါ၀င်ခဲ့တဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ကတော့ ညဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးပါ ။ မျက်နှာသစ်သရုပ်ဆောင်တွေကိုပဲသုံးပြီး ရိုက်ကူးခဲ့တဲ့့ သူ့ဇာတ်ကားဟာ စိန်ခေါ်မှုများခဲ့ပေမယ့် ရုံတင်ချိန်မှာတော့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ခံခဲ့ရပါတယ် ။ 2017 ခုနှစ်အတွင်းကအောင်မြင်ခဲ့တဲ့ ရုံတင်ဇာတ်ကားဖြစ်တဲ့ အတွက် အကယ်ဒမီပေးပွဲရဲ့ ဆုတွေမှာ မြင်တွေ့ခွင့်ရလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ ပရိတ်သတ်တွေ ရှိနေပေမယ့် ဆန်ကာတင်ဇာတ်ကားတွေထဲတောင်မပါ၀င်ခဲ့ပါဘူး ။ ဒီ အဖြစ်နဲ့ ပါတ်သတ်ပြီး ညဇာတ်ကားရဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက 

"ည" ဆန်ကာတင်တောင် မပါတာသိပ်ကို ယူကြံုးမရဖြစ်ပါတယ်။

ည အတွက် ဆုမမှန်းပါဘူး။ ဆန်ကာတင်တော့ ပါမယ်ထင်ထားတာ။

ဒါရိုက်တာတစ်ယောက် အနေနဲ့ ကိုယ့် ရုပ်ရှင် အနုပညာ နဲ့ အတတ်ပညာ အရည်အသွေးကို ယုံကြည်တဲ့ အတွက် ဆန်ကာတင်တောင် ပါခွင့်မရတာ "ည" ရုပ်ရှင်ကြီးကိုရော အဖွဲ့သားတွေကိုရော "ည"ပရိသတ်တွေကိုပါသိပ်အားနာပါတယ်။

ကိုယ့်ကိုယ်ကိုလဲ အရမ်းကို အားနာလွန်းလို့ ထပ်ပြီး ပိုကောင်းတဲ့ အနုပညာတွေ ဖန်တီးနိုင်အောင် အများကြီး ကြိုးစားသွားပါမယ်။ " လို့ သူ့ရဲ့ ရင်တွင်းစကားသံကို ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

ပရိတ်သတ်အချစ်တော် မင်းသားနဲ့ ဒါရိုက်တာ စုံတွဲဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီ တို့ ဇနီးမောင်နှံနှစ်ယောက်ကလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဇာတ်ကား ဆုမရရှိတဲ့ အတွက် စိတ်မကောင်းဖြစ်ကြောင်းပြောကြားထားပါသေးတယ် ။ မြန်မာရုပ်ရှင်လောကအရွေ့မှာ လူငယ်တွေ ဖန်တီးတဲ့ အနုပညာတွေလည်း နောက်ပိုင်းနေရာရလာမလားဆိုတာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် ံHtoo Paing Zaw Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။