တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှု့ံဆော်မှုများရှိကြောင်း မီဒီယာ များကို ပြောကြားခဲ့သည့်ကျေးရွာစေတနာ့ ဝန်ထမ်း စာကြည့်တိုက်မှူး ခေါင်းဖြတ် အသတ်ခံရ

သတင်းမှန်ထုတ်ပြန်နိုင်ရေးအတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာ သို့ မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ပြည်တွင်း ပြည်ပမီဒီယာ (၁၃)ဦးပါ အဖွဲ့၏ မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှု့ံဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း သိရသည်။

..

ဖြစ်စဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာဦးစီး သော ပြည်တွင်း ပြည်ပ မီဒီယာများပါဝင်သည့် အဖွဲ့ဝင် (၁၃)ဦးသည် ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဖြစ်စဉ်များ သတင်းမှန်သိရှိနိုင်ရေး မြေပြင်ကွင်း ဆင်းလေ့လာရန် ငါးခူရကျေးရွာသို့ ရောက်ရှိ စဉ် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာအား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ငါးခူရအလယ်ရွာ လမ်းမပေါ်တွင် သိရှိလိုသည်များကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။

..

သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် ညနေ (၆) နာရီတွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီး အဝတ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ ည(၁၀)နာရီ (၄၅)မိနစ်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ၏ အစ်ကိုဖြစ်သူ ဒီလ်မူဟာမတ်မှ ၎င်း၏ညီ ပျောက် ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်ထံ သွားရောက်သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တဆင့် ငါးခူရနယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့သည်။

..

ငါးခူရနယ်မြေရဲစခန်းမှ ည(၁၂)နာရီတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ပျောက်ဆုံး မှုနှင့် ပတ်သက်၍ လူပျောက်ကြေညာမှ (၂/၂၀၁၂)ဖြင့် အမှုဖွင့် ဆောင်ရွက် ခဲ့သည်။

..

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်၊ ရပ်မိရပ်ဖ ဦးဆန်းဝင်းတို့ သည် လိုက်လံစုံစမ်းလျက်ရှိစဉ် မွန်းလွဲ(၂)နာရီခွဲ တွင် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာ ကြား လယ်ကွင်းချောင်းစပ်နေရာတွင် မသင်္ကာဖွယ်သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စံပယ်ပင် ရင်းချောင်းအနီး လယ်ကွင်းစပ်တွင် သွေးဟုယူဆရသော (၁) ပေပတ် လည်ခန့် နီညိုရောင်သွေးကွက်အား တွေ့ရှိ၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေး ဆွဲခြင်း၊ သွေးဟုယူဆ ရသော ပေကျံနေသည့် ကောက်ရိုးစများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ၏အလောင်းကို စံပယ်ပင်ရင်းချောင်းထဲတွင် ဦးခေါင်းမပါ၊ ဝဲယားပေါင်းနှစ်ဖက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်စီဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။

..

ဒုစ်မာမတ်(ခ) ရှူနာမျာ အသက်ခံရမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းဖော်ထုတ် လျက်ရှိပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဤကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။

..

ဒုစ်မာမတ်(ခ) ရှူနာမျာသူသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကမီးရှို့ခြင်း၊ အဓမ္မပြု ကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှု့ံဆော်မှုများရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့သူဖြစ်သည်။

..

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။