တစ်ခေတ် တစ်ခါတုန်းက Examplez ဆိုတဲ့ အဖွဲ့ ဟာ ဆယ်ကျော်သက်တော်တော်များများရဲ့ အသဲနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အဖွဲ့လို့ပြောလို့ရပါတယ်။ အဖွဲဝင်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ထွန်းထွန်းဟာ အချိန်တွေကြာသွားတဲ့ အထိတောင် မှေးမှိန်မသွားဘဲသူ့ရဲ့ပရိသတ်တွေနှင့် အမြဲ အဆက်အသွယ်ရှိမှုကြောင့် We Love Tun Tun ဆိုပြီးအမာခံပရိသတ်တွေ တနေ့တခြားများပြားလာတာပဲဖြစ်ပါတယ်။

အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိခဲ့တဲ့ ထွန်းထွန်းဟာ ယခုတလောမှာ တော့ ခိုး၊ဆိုး၊လု၊နှိုက် ဇာတ်ကားနှင့် အတူတူ နာမည်ပြန်တက်လာပြီး အကယ်ဒမီ အထိတောင် တစ်ကြိုပေးထားခံရတဲ့ သူလဲဖြစ်ပါတယ်။ ပရိသတ်တွေ ကို သီချင်း ဆိုပြလေ့ရှိသလို သူ့fan အဖွဲ့ ကို တန်ဖိုးထားတဲ့ အတွက်ကြောင့် လဲ အရူးအမူးဖြစ်တဲ့ သူတွေ မနည်းပါဘူး။ ဒီနေ့ ဟာဆိုရင် ထွန်းထွန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။

မစိုးရိမ်ကျောင်းတိုက်မှာ မွေးနေ့ အလှူလုပ်တဲ့ ထွန်းထွန်းဟာ အနုပညာရှင်တွေသာမက သူ့ပရိသတ်တွေ ကို ဖိတ်ကြားခဲ့ပြီး Event တွေ အမြဲလုပ်လေ့ရှိတဲ့ We Love Tun Tun အဖွဲ့ကတော့ ထွန်းထွန်းရဲ့ မွေးနေ့ပွဲအလှူ မှာ သရုပ်ဆောင်တစ်ချို့နှင့် အတူတူမွေးနေ့ကိတ်ခွဲခဲ့ပါတယ်။ ထွန်းထွန်းနှင့် အတူတူ ဓာတ်ပုံရိုက်ဖို့ Photo Booth လည်း စီစဉ်ပေးထားခဲ့ပြီး အနုပညာရှင် အချို့ တက်ရောက်ခဲ့တယ်လို့လဲသိရပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။