အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုတိုင် ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ရပ်တည်ခဲ့သူဖြစ်ပြီး ယနေ့ထက်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧပြီလမှာ သူ့ရဲ့မွေးနေ့ပွဲကို ပရိသတ်တွေနဲ့အတူ စည်စည်ကားကား ကျင်းပလေ့ရှိပြီး ဒီနှစ်မှာလည်း ရန်ကုန်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ မွေးနေ့ပွဲအတွက် ရင်ခုန်နေကြပြီး စိုင်းစိုင်းကလည်း သူ့ဖက်ကအတော်လေးပြင်ဆင်ထားတယ်လို့ ပြောပြထားပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ပွဲမှာ ပရိသတ်တွေဝတ်ဆင်နိုင်ဖို့အတွက် "SAI SAI is SAI SAI" ဆိုတဲ့ အကျႌလေးထုတ်ထားပြီး ပရိသတ်တွေကြားမှာတော့ အတော်လေး သဘောကျလို့နေကြပါတယ်။ ဒီ T-shirt ကိုတော့ အနုပညာတော်တော်များများလည်း ဝတ်ဆင်ပြီး ပုံလေးတွေတင်ထားကြတာကိုလည်း တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ instagram မှာလည်း သူ့ရဲ့အကျႌကိုဝတ်ဆင်ထားတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံကို ပြန်လည်ဖော်ပြထားတာ တွေ့ရပါတယ်။

စိုင်းစိုင်းဟာ သီချင်းအသစ်မထွက်ရှိတာကြာနေပြီဖြစ်ပေမဲ့ မကြာခင်ကမှ "သိင်္ဂါရသီချင်းတစ်ပုဒ်" ဆိုပြီး သီချင်းအသစ်တစ်ခုကို အွန်လိုင်းကနေ ဖြန့်လိုက်တာကို တွေ့ရပါတယ်။ စိုင်းစိုင်းဟာ ယခုလက်ရှိမှာတော့ သီချင်းပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းကိုပါ ခပ်စိတ်စိတ်လုပ်ကိုင်လာတာတွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိလို့ထားပါတယ်။ တလောက ဖွေးဖွေး ထွန်းထွန်းတို့နဲ့အတူ နာမည်ကြီး စာရေးဆရာမ ဂျူးရဲ့ "ကြာတော့သည်လည်း မောင့်စကား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြားက ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကတော့ ဒီဇာတ်ကားကိုလည်း စောင့်မျှော်လို့နေပါတယ်။

Photo Source: Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။