မန္တလာမင်းယာဉ်လိုင်းမှသေဆုံးဒဏ်ရာရသူများအားကူညီပေးခြင်းနှင့်တောင်းပန်ခြင်း

ယာဉ်လိုင်းအားကူညီခဲ့သူများအားကျေးဇူးတင်ခြင်း

မတော်တဆဖြစ်သောအချိန်တွင် အချိန်နဲ့တပြေး ညီ ကိုယ်တိုင်ကူညီပေးပါသော အမြန်လမ်းရဲမှူးကြီး ဦဇော်ထွန်းအောင် ဦးဆောင်သော အမြန်လမ်းစခန်း များမှတာဝန်ရှိသူများ၊ကြက်ခြေနီအဖွဲ့များ၊မြို့ချောင်း၊ဖြူးမြို့နှင့်တောင်ငူနည်းပညာတက္ကသိုလ်မှ လူမှုကူညီ ရေးအဖွဲ့များ၊သက်ဆိုင်ရာဆေးရုံများမှတာဝန်ကျ ဆရာဝန်များနှင့်သူနာပြုများ၊ဦးဇော်လှမြင့် (PIONEER115 miles )နှင့်အဖွဲ့သားများနှင့် fb, Viber, Cb, ph. များဖြင့်အားပေးခဲ့ကြသော မိတ်ဆွေများနှင့် blog များ၊ Page များ၊ မိမိတို့၏ wallများတွင် သတင်းအမှန်တင်ပေးကြသူများ၊ မန္တလာမင်းသတင်းအားမှန်ကန်စွာဖော်ပြပေးခဲ့သော မီဒီယာများအား အထူးကျေးဇူးတင်ရှိပါသည်။

မတော်တဆမှုအတွက်ယာဉ်လိုင်းမှဆောင်ရွက်ထားမှု

မန္တလာမင်းယာဉ်လိုင်းအနေဖြင့် လူနာများအတွက် လူနာတင်ယာဉ်စီစဉ်ပေးခြင်း၊ သေဆုံးသူများအတွက် နိဗ္ဗာန်ယာဉ်စီစဉ်ပေးခြင်း၊ မတော်တဆဖြစ်သော နေရာတွင် အသက်ပျောက်ဆွမ်းကပ်ပေးခြင်းများ၊ ပြုလုပ်ပေးထားပါသည်၊ အသက်ဆုံးရှုံးသွားသူ ၁ဦးအတွက်ယာဉ်လိုင်းမှ ကနဦးဖြည့်ဆည်းငွေ ၁၅ သိန်း ၊ ဒဏ်ရာပြင်းထန် ၁ဦးလျှင် ၁၀ သိန်း၊ ဒဏ်ရာရ ၁ဦးလျှင် ၅ သိန်း၊ ပြင်ပဒဏ်ရာ ၃သိန်းသတ်မှတ်ပြီး ဂိတ်တာဝန်ရှိသူများမှ ဆေးရုံ၊နေအိမ် အရောက် လိုက်လံဆက်သွယ်ပြီး ပေးအပ်လျှက်ရှိပါသည်၊ ထပ်မံ၍ ခရီးသွားအာမခံ သေဆုံး ၁ဦးလျှင် သိန်း ၃၀၊မြန်မာ့အာမခံ သေဆုံး ၁ ဦးလျှင် ၁၀ သိန်းရဖို့ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး အခြားလိုအပ်သော အကူအညီများအတွက်လည်းယာဉ်လိုင်းမှ အတတ် နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။

ယာဉ်ပိုင်ရှင်အယောင်ဆောင်၍သတင်းမှားဖြန့်နေမှု

ယာဉ်လိုင်း၏ကိုယ်စားလှယ်မဟုတ်ပဲ Min Htut အမည်ဖြင့် သတင်းအမှားရေးသားဖြန့်ဝေမှုအား မယုံကြပါရန်နှင့် ၎င်းမှာယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင် တို့နှင့်လုံးဝပတ်သက်မှုမရှိ ကြောင်းတရားဝင် ကြေငြာအပ်ပါသည်။

ဖြစ်စဉ်အကျဉ်းချုပ်

ယာဉ်လိုင်းမှကားအားလုံး 95km speed limit ပြုလုပ်ထားပြီး မတော်တဆဖြစ်ပွားချိန်တွင် 82km ဖြင့်မောင်းနှင်နေကြောင်းယာဉ်တွင်တပ်ထားသော Telematic အရသိရပါသည်။၎င်းမော်တော်ယာဉ်မှာ တောင်ကြီး-နေပြည်တော် ခရီးစဉ် ညအဝင်ကား ဖြစ်ပြီး နောက်တစ်နေ့ညနေမှ ဘောဂသီရိဂိတ်မှ မထသ အဖွဲ့စုံ၏ တာယာ၊ ယာဉ်၊ ယာဉ်မောင်း ၂ဦး၊ လိုင်စင်စစ်ဆေးခံပြီးမှ ခရီးစဉ်ထွက်လာသောယာဉ် ဖြစ်ပါသည်။ ၁၁၅မိုင်တွင်ထမင်းစားရပ်နားပြီး ပြန်အထွက် ၁၅ မိနစ်ခန့်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် အရှိန်လွန်ခြင်း ၊အိပ်ငိုက်ခြင်းလုံးဝမဟုတ်ပါ၊ တာယာများမှာလည်း အသစ်များဖြစ်ပါသည်။ယာဉ်မောင်းများမှာ မောင်းသက် ၁၀ နှစ်ကျော်သက်တန်းရှိပြီး အတိုက်အခိုက်၊ပြစ်ချက်မရှိဘူးသူများဖြစ်ပါသည်။

တောင်းပန်ခြင်း

ဖြစ်ပွားခဲ့သောမတော်တဆမှုတွင် အသက်ဆုံးရှုံး၊ဒဏ်ရာရမှုများအတွက် ယာဉ် လိုင်း တာဝန်ရှိသူများမှလွန်စွာဝမ်းနည်းကြေကွဲ ကြောင်းနှင့်အသက်ဆုံးရှုံးသွားသော ခရီးသွားများနှင့် ဝန်ထမ်းများအား ယာဉ်လိုင်းမှပြုထားသမျှကုသိုလ် များရရှိစေရန်အမျှဝေအပ်ပါသည်။ အစားထိုးမရသောဆုံးရှံူးမှုအတွက်ကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရသူများအား အနူးအညွှတ်တောင်းပန် ကြောင်း ဖော်ပြအပ်ပါသည်။

Credit, မန္တလာမင်းယာဉ်လိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။