မြန်မာပြည်မှာသာမက ကမ္ဘာကပါအထင်ကြီးလေးစားခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။

နိုင်ငံတော်အတွက် အနစ်နာခံ ကြိုးစားနေပြီး ရိုးရှင်းတဲ့ အမေစုရဲ့ နေထိုင်မှုပုံစံကလည်း အများလေးစားအတုယူစရာမို့ မြန်မာပြည်ရဲ့ နာမည်ကြီးအနုပညာရှင်များကလည်း သူမကို မိခင်သဖွယ် ဂါရဝတရားထားကြပါတယ်။

မတ်လ(၃၀)ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မင်းသား လူမင်းတို့ဇနီးမောင်နှံ ၊ ဒါရိုက်တာဝိုင်းနဲ့ ဇာတ်မင်းသားဖိုးချစ်တို့က အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

အကယ်ဒမီလူမင်း တို့ဇနီးမောင်နှံကတော့ အမေစုကို ရွေးကောက်ပွဲမတိုင်ခင်ထဲက ချစ်ခင်လေးစားပြီး NLD အစိုးရကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။

လူမင်းတို့ဇနီးမောင်နှံဟာ အမေစုနဲ့တွေ့ဆုံကန်တော့ခွင့်ရခဲ့တဲ့ ပုံတွေကိုတော့ သူတို့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ပြန်လည်မျှဝေထားပါတယ်။

သူတို့အားလုံးဟာ NLD အစိုးရအတွက် တခြားသောအနုပညာရှင်တွေနဲ့လည်း တက်ညီလက်ညီ မဲဆွယ်စည်းရုံးရေးတွေမှာပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

အခုလို အမေစုနဲ့တရင်းတနှီးတွေ့ခွင့်ရတဲ့ သူတို့ကိုတော့ ပရိသတ်အချို့က အားကျမဆုံးဖြစ်လို့နေပါတယ်။  

Source : Ayarwaddy Lumin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။